ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြောကြား


နေပြည်တော် ဇန်နဝါရီ ၂၈ 

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက် အမှာစကားပြောကြားသည်။ 

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ် သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စိဥက္ကဋ္ဌနှင့် တာဝန် ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Online ဖြင့် တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူ လူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင် စသည့် အဆင့်ဆင့်၏ အားနည်းချက်များကို မိဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြ ပြောဆိုမှုများရှိကြောင်း၊ အများစုသည် သတင်းမှန်အနည်းငယ်ကို အခြေခံပြီး ပြည်သူလူထု အထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်း စေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန် မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာ အရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံ ပြောဆိုဝါဒဖြန့်ခြင်း မမှန်မကန်တိုင်ကြား ခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်မည်ဖြစ်ကြောင်း။

ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ပြည်သူနှင့် ဆက်ဆံရေးကောင်းမွန်စေရန်၊ ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရန်၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရန်တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ အနေဖြင့် ပြည်သူများတင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များ နှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ သတ်မှတ်ထားသော အသက် ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့် ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန် အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေး အချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် စပ်လျဉ်း၍ တွေ့ကြုံခဲ့ရသည့်အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များ အပေါ်အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဒေသအလိုက် ပြည်သူ့ စစ်မှုထမ်းများစုဆောင်းရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးလုပ်ငန်းစဉ်များကို မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်နေသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် တာဝန်ရှိသူများကို စနစ်တကျကြပ်မတ်ဆောင်ရွက် ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ် အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစု ထားပြီး သက်ဆိုင်သူများ သိရှိရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ်စုဆောင်းသည့် အခါတွင် မသမာမှုများမပြုလုပ်နိုင်ဘဲ အများက လက်ခံယုံကြည်နိုင်သည့် အနေအထားတစ်ရပ်ကို ရရှိမည်ဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့်အတွက် စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် စည်းကမ်းစနစ်တကျ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးအဖြစ် ကိုယ်တိုင် က နိုင်ငံသားကောင်းပီသစွာ တာဝန် ထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ အတင်း အဓမ္မဖိအားပေးစုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ စနစ်တကျ ကြိုးစားစုဆောင်းကြစေရေး အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။ 


#MNP #News #Naypyitaw

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)