နေပြည်တော်၊ ဇန်နဝါရီ ၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်ရှိ စိုးသူအောင် (ခ) ဇင်ဇင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ၊ အိုက်စ် သုညဒသမ ၉ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့ ရပ်ကွက် (၃) ရှိ စိုင်းယီ တစ် (ခ) ယီနွဲ့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment