ဗဟန်း၊ ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဗဟန်းမြို့နယ်၊ အမှတ်(၃)အခြခံပညာအထက်တန်းကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃)အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ စာရေးဆရာမ ပေါက်ပေါက်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ မစတင်မီအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကို ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများအား ဟောပြောခဲ့သည်။
ထို့နောက် လူငယ်စားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ အမှတ်(၃)အခြခံပညာဦးစီးဌာနမှ အထက်တန်းပြ ဆရာမ ဒေါ်သီတာအေးတို့နှင့်အတူ Grade–11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်ရဲဝင့်ကျော်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဇေကိုလတ်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝင်းထွဋ်ခိုင်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဇာလင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးမြမြကျော်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ မသုန်ပြည့်ပြည့်ခင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသူ၊ ကျောင်းသားများ က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားပြီးမြောက်ပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်မှ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်တို့အားပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်သူဟိန်း
#MNP #News #Latha #Education
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment