ဇန်နဝါရီ - ၂၅ ( စနေနေ့)
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက X အမှတ်အသားပါတဲ့ တတိယလိင်အမျိုးအစား ပက်စ်ပိုစ်တွေကို ရပ်ဆိုင်းလိုက်တယ်လို သိရပါတယ်။ ခရီးသွားဖို့အတွက် ထောက်ခံစာမှာ လိင် ၂မျိုးသာရှိရမှာဖြစ်ပြီး အမျိုးသား (သို့) အမျိုးသမီး လို့ပဲ လိင်အမျိုးအမည်ကို ခွဲခြားခွင့်ပြုပါတယ်။ ဒါကြောင့် X လိင်သမားတွေအကုန် အမျိုးသား (သို့) အမျိုးသမီးအဖြစ် ပြန်လည်ပြောင်းပြီး လျှောက်ရမယ်လို ဆိုပါတယ်။
အဲ့ဒိအမိန့်ကို ဒေါ်နယ်ထရမ့် သမ္မတဖြစ်တဲ့ နေ့မှာပဲ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အမိန့်ထုတ်လိုက်တာပါ။ အဲ့ဒိနေ့က ကယ်ပီတယ်အဆောက်အအုံမှာ မိန့်ခွန်းပြောတော့လည်း အမေရိကန်မှာ ယောက်ျား ၊ မိန်းမ ပဲ ရှိရမယ်လို့ ဆိုသွားပါတယ်။ ထရမ့်အစိုးရအဖွဲရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ဌာနအတွင်းမှာ အမျိုးသား၊ အမျိုးသမီးကလွဲပြီး အခြားလိင်အုပ်စု မရှိစေရဘူးလို့ အမိန့်စာထုတ်ခဲ့ပါတယ်။ “ အမေရိကန်မှာ လူတစ်ဦးက လိင်တစ်မျိုးပဲ ရှိရပါမယ်။ အဲ့ဒါက အစိုးရရဲ့ မူဘောင်ပါပဲလို စာထဲမှာပါပါတယ်။
ထရမ့်ထုတ်ပြန်တဲ့ အမိန့်ထဲမှာ "လိင်အမျိုးအစားခွဲခြားမှု အစွန်းရောက်ဝါဒမှ အမျိုးသမီးများကို ခုခံကာကွယ်ခြင်းနှင့် ဖက်ဒရယ်အစိုးရထံ ဇီဝသစ္စာကို ပြန်လည်တည်ဆောက်ခြင်း" ဟုလည်းကောင်း၊ "တစ်ဦးချင်းစီ၏ မပြောင်းလဲနိုင်သော ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားခြင်းကို အမျိုးသား သို့မဟုတ် အမျိုးသမီးအဖြစ်" ခွဲခြားအသုံးပြုရန် မဖြစ်မနေ လိုအပ်ခြင်းဟုလည်းကောင်း ပါရှိပါတယ်။
REF - News 18
#MNP #News #International #American
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment