မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်းပူဇော်ပွဲ ပိတ်ပွဲ (ပဋ္ဌာန်းအောင်ပွဲ) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်းပူဇော်ပွဲ ပိတ်ပွဲ (ပဋ္ဌာန်းအောင်ပွဲ) ကျင်းပ




မြိတ်၊ ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်း ပူဇော်ပွဲကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပလျက်ရှိရာ မဟာပဋ္ဌာန်းပူဇော်ပွဲ ပိတ်ပွဲ (ပဋ္ဌာန်းအောင်ပွဲ)ကို ယမန်နေ့နံနက် (၉) နာရီက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြသည်။

မဟာပဋ္ဌာန်းပူဇော်ပွဲကို သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပဋ္ဌာန်းဘာဏက ဆရာတော် (၂၇) ပါးတို့မှ ဒီဇင်ဘာ (၂၉) ရက်မှ ဇန်နဝါရီ (၁) ရက်နေ့အထိ ရွတ်ဆိုပူဇော်ခဲ့ကြပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲကို ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ တက်ရောက်ခဲ့ကြပြီး နမောတဿ ဗုဒ္ဓပဏာမဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်၍ တရားဒေသနာတော်များ နာယူခဲ့ကြပြီး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပဋ္ဌာန်းဘာဏက ဆရာတော် များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်းပူဇော်ပွဲ ကျင်းပခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် သြဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ကန်သာပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူခဲ့ကြပြီး ရေစက်သွန်းချ အမျှ‌ပေးဝေခဲ့ကြသည်။ ယင်း‌နောက် စေတီတော်ဥပါသိကာအဖွဲ့မှ သမ္မာဒေဝနတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြပြီး (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို သာသနာ့အဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆိုပူဇော်၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)