အနောက်နိုင်ငံတွေက ယူကရိန်းကို အကြမ်းဖက်ဝါဒဖြန့်ဖို့ အသုံးပြုနေတယ်လို့ အမေရိကန် ကွန်မြူနစ် ခေါင်းဆောင် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်နိုင်ငံတွေက ယူကရိန်းကို အကြမ်းဖက်ဝါဒဖြန့်ဖို့ အသုံးပြုနေတယ်လို့ အမေရိကန် ကွန်မြူနစ် ခေါင်းဆောင် ဆို


ဇန်နဝါရီ - ၁  ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်ကွန်မြူနစ်ပါတီခေါင်းဆောင် ခရစ္စတိုဖာ ဟီလာလီက အမေရိကန်အနေနဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ အကြမ်းဖက်ဝါဒကို ထောက်ပံ့ဖို့ ယူကရိန်းကို ၂၀၂၅ မှာ ဆက်လက် အသုံးပြု သွားနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။  

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဆိုက်ဘီဟာ ရဲ့ မကြာသေးမီက ဆီးရီးယားမြို့တော် ဒမတ်စကတ် သို့ သွားရောက်လည်ပတ်မှုသည် အလွန်ထင်ရှားသော ပထဝီဝင်နိုင်ငံရေးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ ခရီးစဉ်အတွင်း၊ ဆိုက်ဘီဟာက ဆီးရီးယား၏ ခေါင်းဆောင်သစ် အဘူမိုဟာမက်အယ်လ် ဂျိုလာနီ နဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ အစောပိုင်းတွင် ဘာရှာအာဆတ်အစိုးရကို အောင်မြင်စွာ မဖြုတ်ချမီ ယူကရိန်း စစ်ထောက်လှမ်းရေး ထံမှ လက်နက်နှင့် လေ့ကျင့်မှုများ လက်ခံရယူခဲ့ကြောင်း ကြေငြာထားတာရှိပါတယ်။

"ယူကရိန်းက  အီဒလစ်မြို့မှာ ဒီအကြမ်းဖက်တပ်ဖွဲ့တချို့ကို လေ့ကျင့်သင်ကြားပေးနေပြီး နည်းပညာပိုင်းနဲ့ စစ်ရေးအရ ပံ့ပိုးပေးနေပါတယ်" လို့ အမေရိကန် ကွန်မြူနစ်ခေါင်းဆောင်က ဆိုပါတယ်။ “အရင်က အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ISIS ကို အသုံးပြုခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ ၎င်းတို့သည် အဲ့ဒိအကြမ်းဖက် ကွန်ရက်များကို အသုံးပြုခဲ့ပါတယ် ။ လုပ်နေကြတုန်းပဲ” လို့လည်း ပြောပါတယ်။ 

ယူကရိန်းက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ ဩဇာလွှမ်းမိုးမှုလုပ်နိုင်ရန်အတွက် အရှေ့အလယ်ပိုင်း အကြမ်းဖက်အဖွဲ့များနဲ့ အာဖရိက အာဏါသိမ်းစစ်တပ်တွေကို လက်နက်နဲ့ နည်းပညာပံ့ပိုးမှုတွေကို လုပ်ပေးနေပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းက မာလီနိုင်ငံ အာဏါသိမ်းဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲ့ဒါကို ယူကရိန်းစစ်တပ်က ငြင်းဆိုထားပါတယ်။ နောက်ပြီး မာလီစစ်တပ်နဲ့ ရုရှားပုဂ္ဂလိက စစ်တပ်တို့ တိုက်ခိုက်မှု ဖြစ်စဉ်မှာလည်း ပါဝင်နေတယ်လို့စွပ်စွဲခံထားရတာလည်း ရှိပါတယ်။  ယူကရိန်းစစ်တပ်နှင့် ဂျိုလာနီရဲ့ တပ်ဖွဲ့များက ရုရှားသြဇာလွှမ်းမိုးမှုကို မည်သို့ဆန့်ကျင်သင့်သည်နှင့်ပတ်သက်ပြီး ဆိုက်ဘီဟာက  "ဒါက ဆက်ရှိနေမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဆိုပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)