လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှု မရှိစေရေးတို့အတွက် လယ်ယာမြေဥပဒေ နည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ပေးကြရန် မွန်ပြည်နယ် ဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှု မရှိစေရေးတို့အတွက် လယ်ယာမြေဥပဒေ နည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ပေးကြရန် မွန်ပြည်နယ် ဝန်ကြီးချုပ် မှာကြား



မော်လမြိုင်၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၅)ကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးအဖြစ် အဓိကထားဆောင်ရွက်လျက်ရှိပြီး စာရေရိက္ခာဖူလုံရေးကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဖော်ထုတ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် လက်ရှိလယ်ယာမြေများနှင့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော တောင်သူများကို ကြီးကြပ်ခြင်း၊ ပံ့ပိုးခြင်းနှင့် ဒေသနှင့် ရပ်ရွာရေရှည်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မြေယာအသုံးချမှု ကိစ္စရပ်များနှင့်ပတ်သက်၍ စိုက်ပျိုးမြေများ ထိခိုက်လျော့နည်းမှုမရှိစေရေး၊ တောင်သူများ ထိခိုက်နစ်နာမှုမရှိစေရေး၊ လယ်ယာမြေများအား အကျိုးရှိစွာ အသုံးချနိုင်ရေး၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှု မရှိစေရေးတို့အတွက် လယ်ယာမြေဥပဒေနည်းဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး၊ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားချက်များ၊ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အဲဒီနောက် တက်ရောက်လာကြသည့် ကော်မတီများနှင့် အဖွဲ့ဝင်များမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)