ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ပူးပေါင်း၍ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် က လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြော ကြားရာတွင် ယနေ့ခေတ် ကမ္ဘာ တစ်ဝန်းလုံးတွင် ဆက်သွယ်ရေးနည်းပညာနှင့် သတင်းအချက် အလက်ဆိုင်ရာ နည်းပညာများ သည် လျင်မြန်စွာတိုးတက် ပြောင်းလဲနေပါကြောင်း၊ သတင်းအချက်အလက်များ လျင်မြန်လာမှုနှင့် နည်းပညာတိုးတက် ပြောင်းလဲလာမှုကြောင့် လူထုဆက်သွယ်ရေး နည်းလမ်းများ သည် ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာပါ ကြောင်း၊ စာကြည့်တိုက်မှူးများအနေဖြင့် ယခုတက်ရောက်သည့် သင်တန်းသုံးရက်တာအတွင်း သင်တန်းမှပို့ချလိုက်သည့် အချက်အလက်၊ အကြောင်းအရာများကို မိမိတို့၏စာကြည့်တိုက် တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ကြရန်နှင့် မိမိဒေသရှိ စာကြည့်တိုက်များကို ပြည်သူများ အသုံးချလေ့လာနိုင်စေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေး အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် အဓိကဖော်ဆောင်ပေးနေသည့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍကို တိုးတက်မြင့်မားအောင် ယနေ့ တက်ရောက်သင်ကြားနေ သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့၏ ရပ်ရွာ ဒေသအကျိုးကို မိမိတို့ တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်လေးစိုးက သင်တန်း အမှတ်စဉ်(၅) ဖွင့်လှစ်နိုင်မှု အခြေအနေကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ပညာ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာကြည့်တိုက်များမှ သင်တန်း သား သင်တန်းသူ ၅ဝ တို့ကို ဇန်န ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment