(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ အကြိုလှုပ်ရှားမှုအဖြစ် တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီ မျိုးဗီဇဓာတ်ခွဲစမ်းသပ်မှုနည်းပညာဆိုင်ရာများ သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ အကြိုလှုပ်ရှားမှုအဖြစ် တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီ မျိုးဗီဇဓာတ်ခွဲစမ်းသပ်မှုနည်းပညာဆိုင်ရာများ သင်ကြားပို့ချ


ရန်ကုန်၊ ဇန်နဝါရီ ၁၇

ဆေးသုတေသနဦးစီးဌာန သုတေသီများ၊ မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များသည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာများကို အဆင်မြင့်မော်လီကျူး သုတေသနဌာန၌ စာတွေ့လက်တွေ့ သင်ကြားပြသ ပေးကြသည်။

အဆိုပါသင်တန်းကို (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံအကြို လှုပ်ရှားမှုအနေဖြင့် ဆေးသုတေသနဦးစီးဌာန သုတေသီများနှင့် မြန်မာနိုင်ငံ အမျိုးသားတီဘီ တိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များသည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များဖြစ်သော Dr. Jong Seok Lee, Senior Scientist, International Tuberculosis Research Center ၊ Prof. Jaehun Cheong, Professor/Head, Pusan National University ၊ Prof. Eun Taek Han, Professor/Head, Pusan National University တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)နှင့် အမျိုးသားမှီငြမ်းပြု တီဘီဓာတ်ခွဲခန်းတို့မှ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဘက်ဆိုင်ရာဆရာဝန်များ၊ သုတေသီနှင့် ဓာတ်ခွဲကျွမ်းကျင် စုစုပေါင်း ၁၅ ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။  


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)