တာချီလိတ်မြို့၌ ကျေးရွာအလိုက် လားဟူတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ကျေးရွာအလိုက် လားဟူတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် ကျင်းပ


တာလေ၊ ဇန်နဝါရီ ၁၂ 

လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ များနှင့်အညီ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့ နေထိုင်ရာ တောင်ပေါ်၊ မြေပြန့် ဒေသအလိုက် နှစ်စဉ်အစဉ်အလာ မပျက် ကျင်းပပြုလုပ်ရာ လားဟူ နှစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မော်ဝန်းရွာ ၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

နှစ်သစ်ကူးပွဲကို မော်ဝန်းကျေးရွာ တွင် ကျင်းပရာ မိုင်းကိုးကျေးရွာ အုပ်စုရှိ နမ့်တွန်၊ မေတီ၊ နမ့်မွမ်း၊ ပါဆန်းနှင့် အောက်ကဘကျေးရွာ အတွင်းရှိ တောင်ပေါ်နှင့် ကျေးရွာ အသီးသီးတွင်နေထိုင်သောလားဟူ တိုင်းရင်းသား လူငယ်မောင်မယ်အကအဖွဲ့များက အဖွဲ့လိုက် ရှေးရိုးရာ ဘူးပလွေမြေဝိုင်းအက များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျေးရွာလူငယ်မောင်မယ်များက သက်ကြီးဝါကြီးနှင့် အကြည်ညိုခံ ပုဂ္ဂိုလ်တို့အား ရိုးရာလက်ဆေး မင်္ဂလာကျင်းပကြသည်။ လားဟူ တိုင်းရင်းသားများသည် ရာသီနှစ်တစ်နှစ်တာအား တိရစ္ဆာန်အကောင် ၁၂ ကောင်တို့ ဖြင့် သတ်မှတ်ထားရှိရာ ယခင်နှစ် ၂၀၂၄ ခုနှစ် ယုန်နှစ်မှ ယခုနှစ်၂၀၂၅ ခုနှစ် ရှဉ့်နှစ်သို့ ကူးပြောင်း ရောက်ရှိလာခဲ့ရာ တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြ သည့်ပွဲတော်များထဲတွင် စုပေါင်း နှစ်သစ်ကူးပွဲတော်ကို အထွတ် မြတ်ဆုံးနှင့် အကြီးအကျယ်ဆုံး ပွဲတော်အဖြစ် သတ်မှတ်ထား ရှိကြောင်း၊ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့ နေထိုင်ရာ တောင်ပေါ်၊ မြေပြန့် ဒေသအလိုက်ကျင်းပခဲ့ရာ တစ်နှစ် တာကာလအတွင်း ရှာဖွေစုဆောင်း ရရှိလာခဲ့သည့် ဥယျာဉ်ခြံထွက် ဆန်၊ စပါး၊ အသီးအနှံများနှင့် ပစ္စည်းဥစ္စာများကို ဦးဦးဖျားဖျား စုပေါင်းပါဝင် လှူဒါန်းမှုပြုလုပ်ကြ ပြီး ထင်းရှူးပင်ငယ်တစ်ပင်ကို အလယ်တွင်ထားကာ ထင်းရှူးပင် ကို ဝိုင်းပတ်၍ ၎င်းတို့၏ အထိမ်း အမှတ် ဘူးပုလွေဖြင့် တီးမှုတ်၍ထင်ရှားသော မြေဝိုင်းအကဖြင့် ဖျော်ဖြေကပြပြီး သက်ကြီးဝါကြီး နှင့် အကြည်ညိုခံပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာခံယူသော ပွဲတော်ကြီး တစ်ခုဖြစ်သည်။

လားဟူ တိုင်းရင်းသားများ သည် ၎င်းတို့ဝတ်ဆင်သော ရိုးရာ အဝတ်အစား၏အရောင်ကို အမှီပြု ၍ ကျိုင်းတုံခရိုင်တွင် အများဆုံး နေထိုင်သော လားဟူ အနက်၊ မိုင်းဆတ်မြို့နယ်တွင် အများဆုံး နေထိုင်သော လားဟူအနီ၊ မိုင်းဖြတ် မြို့နယ်တွင် အများဆုံးနေထိုင် သော လားဟူအဝါ၊ ထိုင်းနယ်စပ် နှင့် လားအိုနယ်စပ်များတွင် ပျံ့နှံ့ နေထိုင်သော လားဟူအဖြူနှင့် လားဟူရှီးဟူ၍ မျိုးနွယ်စုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူ မျိုးနွယ်စု ၃၀ ခန့်အထိရှိကြောင်း သိရသည်။


မြင့်မိုရ်(တာချီလိတ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)