ဘုရားကြီးမြို့ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားကြီးမြို့ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်











ပဲခူး၊ ဇန်နဝါရီ ၂၄

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲဝန်ကြီးများနှင့်အတူ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကန်သာယာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို လှည့်လည် ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လူငယ်များစာပေဖတ်ရှုမှုများပြားလာစေရေး နှင့် စာကြည့်တိုက်အား နေ့စဉ်ဖွင့်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်သည် စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသည့် လူငယ်များအား ဂုဏ်ပြုငွေများချီးမြှင့်ကာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀) ပေးအပ်ခဲ့ပြီးစာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့ရိုးရာအကအဖွဲအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။


တင်စိုး(ပဲခူး)

#News #MNP

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)