နေပြည်တော်၊ ဇန်နဝါရီ ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအား မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီက ပေးပို့လာသော e-ID လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် CVLMS သို ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွဲဖက်တာဝန်ချထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းတို့က လိုအပ်သည်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment