ဂျာမဏီက နိုင်ငံခြားသားတွေ ညဘက်အပြင်မထွက်ကြဖို့ လှုံ့ဆော်မှု လုပ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျာမဏီက နိုင်ငံခြားသားတွေ ညဘက်အပြင်မထွက်ကြဖို့ လှုံ့ဆော်မှု လုပ်ထား


ဇန်နဝါရီ - ၁ ( ဗုဒ္ဓဟူးနေ့ ) 

ဒီဇင်ဘာလ ၂၀ ရက်နေ့က မက်ဒီဘာဂ်မြို့ခရစ္စမတ်ဈေးတန်းထဲက လူအုပ်ကို လူတစ်ဦးက ကားနဲ့ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် လူ ၅ဦးသေဆုံးခဲ့ပြီး အယောက် ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ကားမောင်းတိုက်သူ အသက်၅၀အရွယ် ဆော်ဒီနိုင်ငံသား တာလပ်အယ်လ်အဘတ်ဒူလာမိုဟန်ဆန်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ 

အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး မြို့ခံတွေကြားထဲမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ မက်ဒီဘာဂ်တွင် တည်ရှိသော ဂျာမနီနိုင်ငံ ဆက်ဆိုနီ အန်ဟော့ ပြည်နယ်ရှိ ရွှေ့ပြောင်းအခြေချသူများကို ပံ့ပိုးကူညီသည့်အဖွဲ့က နိုင်ငံခြားသားများအား မြို့ထဲ၌ ညဘက်အပြင်မထွက်ကြရန် အကြံပြုလှုံ့ဆော်ထားပါတယ်။

အဆိုပါသတိပေးချက်ကို ထုတ်ပြန်သည့် အဖွဲ့အစည်းဖြစ်သော လမ်ဆာ က "ပြည်ထဲရေးဝန်ကြီးဌာနကို ပြောပြီးပါပြီ၊ ကင်းလှည့် ရဲတပ်ဖွဲ့များ လမ်းများပေါ်တွင် ပိုမိုစေလွှတ်လိုပါတယ်" လို့ BILD သတင်းစာက တနင်္လာနေ့တွင် ရေးသားခဲ့ပါတယ်။  ဆက်ဆိုနီ အန်ဟော့ ဒေသတွင် လက်ယာအစွန်းရောက်ဝါဒဆိုင်ရာ အစီရင်ခံစာများစွာကို လက်ခံရရှိခဲ့ပြီးဒေသခံ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူအချို့က အဆိုပါကိစ္စကို မကျေနပ်ကြောင်း တုံ့ပြန်ထားပါတယ်။ 

“ခရစ္စမတ်ဈေး တိုက်ခိုက်ခံရပြီးကတည်းက ရွှေ့ပြောင်းနေထိုင်သူတွေဟာ တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့ခဲ့ ကြပြီး အခုရက်ပိုင်းအတွင်း သူတို့ရဲ့နေအိမ်တွေထဲကနေ မထွက်ရဲကြဘူးဖြစ်နေတယ်။ အကြောင်းကတော့ အကြမ်းဖက်မှုအသစ်တွေကို ရင်ဆိုင်ရမှာစိုးနေကြတာပါ” လို့  ဂျာမနီက ဧဝံဂေလိအသင်းတော်၏ ဒေသဆိုင်ရာ ဘုန်းတော်ကြီး ဖရိုင်းဒရစ်ချ် ကရာမာက ဆိုပါတယ်။ 

ပြည်နယ်ပါလီမန်ရှိ လက်ဝဲပါတီခေါင်းဆောင် အီဗာဗွန်အန်ဂျန် က "ရန်လိုသောဆက်ဆံမှု" နဲ့ တိုက်ခိုက်မှုများ တိုးပွားလာခြင်းနဲ့ ပတ်သက်ပြီး စနေနေ့တွင် X ( ယခင်တွစ်တာ) တွင်တင်ခဲ့ပါတယ်။  “မြွေတွေကို ရှာရတာ အရမ်းလွယ်ပါတယ်။ မက်ဒီဘာဂ် ရှိ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသပြီး ရန်လိုမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါစို့” လို့ ဆိုပြီး သူမက လူနည်းစု၏ လုပ်ရပ်အတွက် တာဝန်မယူသင့်ဘူး လို့လည်း  အလေးပေးရေးသားခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)