နေပြည်တော်၊ ဇန်နဝါရီလ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် တိုက်ကြီးမြို့နယ်တို့တွင် အုပ်ချုပ်ရေး အဖွဲ့များက လူငယ်များအား ဖမ်းဆီးငွေညှစ်ခြင်း၊ စစ်မှုထမ်းကြေးကောက်နေခြင်းများ ဆောင်ရွက် နေကြောင်း တရားမဝင်ပြည်ဖက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားထုတ်လွှင့် လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် ချမှတ်ထားသော စည်းမျဉ်းများ၊ ဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီလုပ်ဆောင် လျက်ရှိပြီး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်း မရှိကြောင်း၊ ပြည်သူများအနေဖြင့် ၎င်းတို့၏သဘောဆန္ဒအလျောက် စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းပေးသွင်းမှုများရှိကြောင်း၊ အကြမ်းဖက်သမားများသာလျှင် ဥပဒေမဲ့အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ် ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းများ အများအပြားဝင်ရောက်လာမှု အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းအမှားများဖြင့် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment