မြစ်ကြီးနား၊ ဇန်နဝါရီ ၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများနှင့် အခြေခံပညာကျောင်း ပေါင်းစုံနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျောင်းဘောလုံးကွင်း၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူများပါဝင်သည့် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြကာ အခမ်းအနား စတင်ကျင်းပနိုင်ရေး သတင်းပို့တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာတတ်ပေါများရန် လိုအပ်သကဲ့သို့ ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သား ကောင်းများ မွေးထုတ်ပေးရန် အခြေခံပညာရေး အုတ်မြစ်ခိုင်မာရန် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်းဟူသော ဆောင်ပုဒ်နှင့်အညီ မိဘနှင့် ဆရာ/ ဆရာမများ တွေ့ဆုံဆွေးနွေး၍ ကျောင်းသား/ ကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘက်စုံ ထူးချွန်သူများ ပေါ်ပေါက်လာစေရန်၊ ပညာရေးစနစ်၏ သဘောတရားများကို ပိုမိုသိရှိနားလည်စေရန် ပညာရေးစုံညီပွဲတော်ကို ယခုလို သိုက်သိုက်ဝန်းဝန်း ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်တို့က ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းကြီး (၄)ကြောင်းက စစ်ကြောင်း ပုံဖြင့် ချီတက်အလေးပြုကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးနှင့် ဆရာမ (၁၀၀)ဦး၊ ကျောင်းသားမိဘ (၁၀၀)ဦးတို့ပါဝင်သည့် အကအဖွဲ့က ပညာရေးစုံညီသီချင်းဖြင့် သရုပ်ဖော်ကြပြဖျော်ဖြေခြင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ၌ ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိခဲ့သော ကျောင်းသား/ကျောင်းသူ များက ဝူရှူးအားကစားစွမ်းရည်ပြသခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် ဆုရဘင်ခရာအဖွဲ့များက တီးမှုတ်သရုပ်ပြဖျော်ဖြေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ပွဲတော်ဖွင့်ပွဲတွင် ဖျော်ဖြေရေး အဖွဲ့များအတွက် နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် လက်ဘက်ရည်တို့ကို ဝေငှကျွေးမွေးခဲ့ကြ ပြီး ကျောင်းစာသင်ခန်းများအတွင်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များမှ ပညာရေးစွမ်းရည်ပြခန်းများအား ဖွင့်လှစ်ပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည့် စုံညီပွဲတော်အထိမ်းအမှတ် ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများ၏ တိုင်းရင်းသား တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စုံညီပွဲတော်အတွက် ငွေကျပ်သိန်း (၅၀)နှင့် ဖျော်ဖြေရေးအကအဖွဲ့များအတွက် ငွေကျပ်သိန်း (၂၀)ကို ပေးအပ်ချီးမြှင့်ပြီး ဆုများကို ပေးအပ် ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက နိုင်ငံတော်အဆင့် ဆုရရှိသူများ၊ ပြည်နယ် အဆင့် အကပြိုင်ပွဲတွင်ဆုရအကအဖွဲ့များ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုရရှိခဲ့ သော အားကစားထူးချွန်သူများ၊ ဘာသာရပ်အလိုက် စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဂုဏ်ပြုဆုရရှိ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက် စွမ်းအား တိုးတက်မြင့်မားစေရေး မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် နောင်နန်းကျေး ရွာအုပ်စုပိုင်၊ ရိန်းခေါကွင်း၊ ကွင်းအမှတ် (၃၁)၌ လယ်သီးထပ် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ကွင်း အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား တိုးတက် မြင့်မားလာသည်နှင့်အမျှ စားဆီဖူလုံလာမည်ဖြစ်သည့်အပြင် တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက် လာမည်ဖြစ်သည့်အတွက် ယခုနှစ်မှစ၍ ရိုးပြတ်ကျန် လယ်များအားလုံးတွင် သီးထပ်စိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် လိုအပ်သည့် သွင်းအားစုများ ကူညီပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာလိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ တက်ရောက်လာကြသည့် တောင်သူများက သီးထပ်စိုက်ပျိုးရေးအတွက် လိုအပ်သည် များကို ပြန်လည်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များ အပေါ် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကွင်း အတွင်းရှိ သီးထပ်စိုက်ပျိုးမည့် တောင်သူ (၇)ဦးထံ သဘာဝမြေသြဇာအိတ်များနှင့် နေကြာမျိုးစေ့ အိတ်များ၊ ပဲပုပ်မျိုးစေ့အိတ်များကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်သူများနှင့်အတူ ကွင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ၏ ပဲပုပ်မျိုးစေ့များ ကြဲပက်စိုက်ပျိုးမှုကို ကြည့်ရှု အားပေးခဲ့ကြပြီး လယ်ကွင်းများအတွင်း လယ်ထွန်စက်များဖြင့် ထယ်ရေးထွန်ယက်ပေးနေမှု အခြေ အနေများနှင့် သီးထပ်အတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ရေတွင်းတူးဖော်ပေးနေမှု အခြေ အနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပလန(၂) ကံကော် မြိုင်ကျေးရွာအတွင်း စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနပိုင် လယ်မြေများ၌ ရေဝပ်မှုကြောင့် သီးထပ်စိုက်ပျိုးနိုင်ခြင်းမရှိသည့်အပေါ် ရေထုတ်မြောင်း ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး အဆိုပါကျေးရွာ ကွင်းအမှတ် (၄၅) ကံကော်မြိုင်ကွင်းအတွင်း မိုးစပါးစိုက်လယ် ၁၉၉ ဧက အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ကူညီမှုဖြင့် သီးထပ်စိုက်ပျိုးထားသည့် လယ်မြေများ၌ ပဲပုပ်ပင်များ ဖြစ်ထွန်းအောင်မြင်နေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သီးထပ်လယ်ဧကများ အားလုံးကို ကျွဲ၊ နွားအန္တရာယ်အတွက် ခြံစည်းရိုးခတ်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်မြို့တို့မှ လက်ရွေးစင်ဘောလုံးသမားဟောင်းများ၏ ချစ်ကြည် ရေးဘောလုံးပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့် ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment