ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သစ်လွင်သူနာပြုများလုပ်ငန်းခွင်အကြို သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သစ်လွင်သူနာပြုများလုပ်ငန်းခွင်အကြို သင်တန်းဖွင့်လှစ်








ပဲခူး၊ ဇန်နဝါရီ ၇

ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း သင်တန်းခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ပြည်သူဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ သင်ခန်းစာအပါအဝင် သစ်လွင်သူနာပြုများလုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်းက တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အချင်းပြည့်ဝသော သူနာပြု-သားဖွားဆရာမများကို ပြုစုပျိုးထောင်ပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍအဖြစ်ပါဝင်လျက်ရှိကြောင်း၊ ပြည်သူတစ်ရပ်လုံး အခြေခံကျန်းမာရေးလိုအပ်ချက်များ ပြည့်မိစေရန်အတွက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ သူနာပြု-သားဖွားဆရာမများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးသည် ဆေးရုံကြီးများတွင်သာမက ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို တာဝန်ယူ​ဆောင်ရွက်နေကြရသူများ ဖြစ်ကြောင်း၊ မိမိတိုတာဝန်ကျတဲ့နေရာဒေသမှာလည်း ပြညအသူများအပေါ်စေတနာအရင်းခံထားပြီး မိမိရဲ့သွေးသားရင်းများသဖွယ် ကိုယ်ချင်းစာစိတ်အပြည့်အဝနဲ့ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြဖို့ မှာကြားလိုကြောင်း၊ သူနာပြုများရဲ့အဓိကတာဝန်ဟာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းဖြစ်တာကြောင့် မည်သည့်အခြေအနေမျိုးမှာမဆို လူနာများကို ပစ်ပယ်ထားခြင်းမပြုဘဲ ပြုစုစောင့်ရှောက်ကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။

အဆိုပါသစ်လွင်သူနာပြုများ လုပ်ငန်းခွင်အကြိုသင်တန်းအား ဇန်နဝါရီလ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၇၈)ဦးတက်ရောက်ကာ မကြာမီဆေးရုံအသီးသီးသို လုပ်ငန်းခွင်ဝင်ရောက်ကြ​တော့မည့် သစ်လွင်သူနာပြုများအတွက် လုပ်ငန်းခွင်မဝင်မီ ပြည်သူဆက်ဆံရေးကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက်  ဆောင်ရွက်ရမည့်လုပ်ငန်းများ အပါအဝင် သိသင့်သိထိုက်သောအချက်များ၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးသင်ကြားပေးမည်ဖြစ်သည့်အပြင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများကိုလည်း ဖြေရှင်းနိုင်အောင် ဆွေးနွေးပြောကြားပေးခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)