ဇန်နဝါရီ -၁၄ ( အင်္ဂါနေ့)
နေတိုးအထွေထွေအတွင်းရေးမှူ မာခ့်ရက်တီက နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်စရိတ်ကို တိုးမြှင့်ပြီးမသုံးချင်ရင်တော့ အခုကတည်းက ရုရှားစာကိုသင်ထားဖို့လိုပြီလို့ ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ (AFET) နှင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆပ်ကော်မတီ (SEDE) တို့၏ ပူးတွဲအစည်းအဝေးအပြီးတွင် အမေးအဖြေကဏ္ဍ၌ ဖြေကြားခဲ့ပါတယ်။
ယခုအခါ နေတိုးအဖွဲ့ဝင် သုံးပုံနှစ်ပုံသည် နေတိုးစစ်တပ်အတွက် ၎င်းတို့၏ပြည်တွင်းထုတ်ကုန် (GDP) ၏
၂ ရာခိုင်နှုန်းကို အသုံးစရိတ်အတွက် အစုအဖွဲ့၏၂၀၁၄ ရန်ပုံငွေ ရည်မှန်းချက်ကို ပြည့်မီနေသော်လည်း ၎င်းတို့အား ရုရှားရဲ့ရန်ကို ကာကွယ်ရန် မလုံလောက်သေးကြောင်း ရက်တီ က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အခု လုံခြုံနေပါပြီ၊ ဒါပေမယ့် ၄ ၊ ၅ နှစ်အတွင်းတော့ မဟုတ်ပါဘူး။ ဒါဆို ခင်ဗျားတို့ မလုပ်ဘူးဆိုရင် ရုရှားဘာသာစကားသင်တန်းတွေ လိုက်တက်ပါတော့။ ဒါမှမဟုတ် နယူးဇီလန်ကို သွားလိုက်ပါ။ ဒါမှမဟုတ် ပိုသုံးဖို့ အခုပဲ ဆုံးဖြတ်လိုက်ပါ”
"ကျနော်က ခင်ဗျားတို့ကို စစ်တပ်အတွက် ပိုက်ဆံပိုသုံးစေချင်တယ်။ ဘယ်လောက်ရယ်လို့တော့ မပြောချင်ဘူး။ သေချာတာက ၂% က မလောက်ဘူး ဆိုတာပါပဲ" လို့ ဆိုသွားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump သည် အသုံးစရိတ်ကို ၅% အထိ မြှင့်တင်ရန် အကြံပြုထားပေမဲ့ လောလောဆယ်အခြေအနေအရ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရန်ပုံငွေ ထည့်ဝင်ရန် မဖြစ်နိုင်သေးပါလို့ သိရပါတယ်။
ယခင်က စစ်ဘက်ဆိုင်ရာ ရံပုံငွေ ပိုမိုရရှိရန် ရက်တီက အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။ ပြီးခဲ့သောလတွင် အီးယူနိုင်ငံများသည် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်နှင့် အခြားလူမှုရေးဝန်ဆောင်မှုအချို့ကို အသားပေးလုပ်ဆောင်ရန်အတွက်ကိုသာ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ကြပါတယ်။
အနောက်ဥရောပ စစ်ဘက်ဆိုင်ရာ လုပ်ငန်းသည် ရုရှားနှင့် ပဋိပက္ခတွင် ယူကရိန်းကို ထောက်ပံ့ရန် ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်သော်လည်း ၎င်း၏ အကောင်းဆုံးမှာ မလုံလောက်ကြောင်း လွန်ခဲ့သည့် အောက်တိုဘာလက နေတိုးအဖွဲ့ကို တာဝန်ယူခဲ့သည့် နယ်သာလန် ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့ပါတယ်။
“စစ်စရိတ်နဲ့ ပတ်သက်လာရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာ သဘောထား အကွဲကွဲအပြားပြားဖြစ်နေတယ်။
အဲ့ဒါက မဖြစ်သင့်ဘူးဗျာ။ ရိုးရိုးသားသားပြောရလျှင် အလွန်နှေးကွေးနေပါတယ်"လို့ ရက်တီ က မြည်တမ်းသွားခဲ့ပါတယ်။
REF: RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment