လင်းခေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲ တော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲ တော်ကျင်းပ



လင်းခေး၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်းသား ကျောင်းသူများက“စုံညီပွဲတော် တို့နွှဲပျော်”တေးသီချင်းသီဆို၍  အခမ်းအနားကိုဖွင့်လှစ်လိုက်သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးနှင့် ခရိုင်ပညာရေးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မြင့်ဦးတို့က အမှာစကားအသီးသီးပြောကြားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခမ်းအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

ယင်းနောက်  လင်းခေးတပ်နယ်မှူးဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသားမိဘစေတနာအလှူရှင်များက လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၌ လူရည်ချွန်ရရှိခဲ့သူများ၊ ပညာရည်ထူးချွန်ဆုအသီးသီးရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ကန်မှုနှင့် သင်ကြားရေးထူးချွန်ဆုရရှိကြသည့် ကျောင်းဆရာဆရာမများအားဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားပထမပိုင်းအစီအစဥ်ကို ရုတ်သိမ်းလိုက်သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဥ် ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက  အကပဒေသာများဖျော်ဖြေတင်ဆက်ကြခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


စိုင်းဇော်လတ်(လင်းခေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)