နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



နေပြည်တော် , ဇန်နဝါရီ ၂


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ကွင်းအမှတ် ၁၆၁၈ ၌ TBLမျိုးစေ့ ထုတ်ကုမ္ပဏီမှ စိုက်ပျိုးမြေ ငါးဧကတွင် ချည်မျှင်ရှည်ဝါ၊ နှမ်း၊ နေကြာနှင့်  ပဲတီစိမ်းသီးနှံများ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လက်ရှိစိုက်ပျိုးထားရှိမှုများ၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေမှုများ၊ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ငါးဧကစိုက်ခင်းတွင် တစ်ဧကလျှင် ချည်မျှင်ရှည်ဝါ ပိဿာ ၉၀၀ မှ ၁၀၀၀ အထိ ထွက်ရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများ ပန်းတိုင်အထွက်နှုန်များထွက်ရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် TBLမျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးဧက ငါးဧကတွင် ချည်မျှင်ရှည်ဝါစိုက်ခင်းနှင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေ-၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပေါင်းလောင်းတမံရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ ပေါင်းလောင်းတမံ ရှင်းလင်းဆောင်ရွက် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို Video Clipဖြင့် ရှင်းလင်းတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပေါင်းလောင်းတမံရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစုကျေးရွာ ကွင်းအမှတ် ၁၅၇၅ တွင် ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေများတွင် မတ်ပဲ၊ နေကြာ၊ ဖူးစားပြောင်းနှင့် ပဲကြီး သီးနှံများ သီးထပ်သီးညှပ်စိုက်ပျိုး ထားရှိရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။


ကြည့်ရှုအားပေးရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေများတွင် ဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆောင်းသီးနှံနှင့်နွေသီးနှံများကို စိုက်ဧရိယာများတွင် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ သွင်းအားစုများနှင့် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲရေး၊  သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့ကို အလေးထားလိုက်နားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်စပ်ဆောင်ရွက်ပေးကာ တောင်သူများအား သွင်းအားစု မြေဩဇာများ ပေးအပ်သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေများတွင် မတ်ပဲ၊ နေကြာ၊ ဖူးစားပြောင်းနှင့် ပဲကြီး သီးနှံများ သီးထပ်သီးညှပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီးရှိ ပေါင်းလောင်းရေလွှဲဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းရေလွှဲဆည်မှ တစ်ဆင့် ဆည်ရေသောက်ဧရိယာ ၂၁၁၂၁ ဧကအား စိုက်ပျိုးရေပေးဝေနိုင်သည့်အပြင် ပိုလျှံသည့် ရေများအား အသေးစားရေအားလျှပ်စစ်ထုတ်ယူနိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပေါင်းလောင်း ရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့် အသေးစားရေအား လျှပ်စစ်ထုတ်ယူနိုင်ရေး လေ့လာဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)