လာ့စ်ဗီးဂတ်စ် ပေါက်ကွဲမှုနဲ့ နယူအော်လန် တိုက်ခိုက်မှုတွေက အကြမ်းဖက်မှုနဲ့ ဆက်စပ်နေပါတယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာ့စ်ဗီးဂတ်စ် ပေါက်ကွဲမှုနဲ့ နယူအော်လန် တိုက်ခိုက်မှုတွေက အကြမ်းဖက်မှုနဲ့ ဆက်စပ်နေပါတယ်လို့ ဆို


ဇန်နဝါရီ - ၂ (ကြာသပတေးနေ့)

လာ့စ်ဗီးဂတ်စ်မြို့ရှိ ထရမ့်နိုင်ငံတကာဟိုတယ် အပြင်ဘက်တွင် တက်စလာလျှပ်စစ်ကား ပေါက်ကွဲမှုသည် အကြမ်းဖက်ဝါဒ၏ လုပ်ရပ်ဖြစ်ဖွယ်ရှိကြောင်း အီလွန်မက်စ် က ပြောကြားခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လျှပ်စစ်ကား မောင်းနှင်သူ တစ်ဦး သေဆုံးပြီး အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်ရပ်သည် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ရသည့် နယူးအော်လန်တွင် ဖြစ်ပွားခဲ့တဲ့ လူအုပ်စုအား ကားဖြင့်ဝင်တိုက်မှုနှင့် သေနတ်ပစ်ဖောက်မှုတို့ ဆက်စပ်မှုရှိနိုင်ကြောင်း တက်စလာ စီအီးအို က စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်မှုတွင် အသုံးပြုသည့် ကားကို “အသေခံဗုံး” ဟု ရည်ညွှန်း ခဲ့ပါတယ်။ 

“အကြမ်းဖက်မှု တစ်ခုလို့ မြင်တယ်။ နယူးအော်လန်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့  ဒီလျှပ်စစ်ကား ဖောက်ခွဲတိုက်ခိုက်မှု တွေက တူရို ကားအငှားကုမ္ပဏီကနေ ကားတွေကို ငှားရမ်းခဲ့တာပါ။ တစ်နည်းနည်းနဲ့ ချိတ်ဆက်နေတာ ဖြစ်နိုင်တယ်” လို့ ၎င်းက ဆိုပါတယ်။

လျှပ်စစ်ကားပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစောပိုင်းက ပြစ်တင်မှုတွေကို အီလွန်မက်စ်က ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။ “လျှပ်စစ်ကား ဘတ်ထရီပေါက်ကွဲမှု ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကားက ပုံမှန်အတိုင်းပဲ ရှိနေတာပါ။ ကားကို စစ်ဆေးပြီးသွားပါပြီ။ ဘတ်ထရီပေါက်ကွဲမှု မဟုတ်ပါဘူး။ အသေခံဗုံးခွဲမှုပါပဲ” လို့ ဆိုထားပါတယ်။ 

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် CCTV မှတ်တမ်းများတွင် ပေါက်ကွဲမှုကြောင့် ယာဉ်၏ ကုန်တင်ခန်း၏ အဖုံးမှာ စုတ်ပြဲသွားကြောင်း ပြသထားပြီး ဧရိယာအတွင်း သေးငယ်သော ပေါက်ကွဲမှုများစွာကို တွေ့ရှိရပါတယ်။ ကားမီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။  အာဏာပိုင်များက အဆိုပါ ပေါက်ကွဲမှုအား အကြမ်းဖက် လုပ်ရပ်အဖြစ် စုံစမ်း စစ်ဆေးလျက်ရှိပါတယ်။ လျှပ်စစ်ကားပေါ်မှာ  ဗုံးနဲ့သဏ္ဌန်တူတဲ့ ပစ္စည်းများ သယ်ဆောင်လာတယ်လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ ABC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများကို ဖော်ထုတ်ရန်လျှပ်စစ်ကားပေါ်မှာ သေဆုံးသွားတဲ့ ယာဉ်မောင်း နောက်ကြောင်းကို လိုက်နေပြီး သူက ဖောက်ခွဲရေးပစ္စည်းများကို ပစ်ချရန် ရည်ရွယ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အတွက် သုံးသပ်နေကြပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)