ဗီယန်ကျင်း၊ ဇန်နဝါရီ ၁၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane အား ၁၃-၁-၂၀၂၅ ရက်၊ မွန်းလွဲ (၁၅၀၀) နာရီတွင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။
ထို့သို့တွေ့ဆုံခဲ့ရာတွင် မြန်မာသံအမတ်ကြီးက လာအိုနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အလုပ်သမားနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်မှုအပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ထို့ပြင် လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ယန္တရားအစည်းအဝေးများ ပုံမှန်ပြန်လည်ကျင်းပသွားနိုင်ရေးနှင့် ဆက်လက် ၍ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ခိုင်မာစွာ အပြန်အလှန်ထောက်ခံရပ်တည်သွားနိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment