မြန်မာ - ဘရူနိုင်း နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ဘရူနိုင်း နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး







ဘန်ဒါဆရီဘီဂါဝန်၊ ဇန်နဝါရီ ၂၃

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး (၂) ဖြစ်သူ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ယူဆွတ် ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝန်မြို့သို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်ထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ 

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့၊ သံတမန် ရပ်ကွက်ရှိ အသစ်ဆောက်လုပ်လျက်ရှိသော မြန်မာသံရုံးဆောက်လုပ်ရေးတည်နေရာသို့ သွားရောက်လျက် သံရုံးတည်ဆောက်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည့် အစီအစဉ် သို့ တက်ရောက်ကာ လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် အဆောက်အဦ ဆောက်လုပ်မှုကို အုတ်မြစ်သွန်းလောင်းပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့အကြား သံတမန်မြေ အပြန်အလှန်လဲလှယ်ရေး သဘောတူစာချုပ်အရ ရရှိထားသည့် မြေကွက် (၃) ကွက် အနက် ကျန်ရှိသော သံတမန်လူနေရပ်ကွက်ရှိ သံရုံးပိုင်မြေကွက် (၂) ကွက်သို့ သွားရောက်၍ မြန်မာသံရုံးဝန်ထမ်းများအတွက် နေအိမ်ဆောက်လုပ်နိုင်မှု အခြေအနေအား လေ့လာကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ သံရုံးဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ ညပိုင်းတွင် အိမ်ရှင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး-၂ က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား Rumbia Restaurant ၌  ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး-၂ နှင့် ASSARRAA VIP Guest House Villa-2 ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ 

မွန်းလွဲပိုင်းတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ အား Istana Nurul Iman နန်းတော်၌ ဂါဝရပြုတွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုများတွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးဆိုင်ရာ အစရှိသော ကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်‌သွားရေး၊ အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ထည့်သွင်း ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)