ဒက္ခိဏသီရိမြို့နယ်၊ အထက (၁၈) ပညာရေးဆုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၊ အထက (၁၈) ပညာရေးဆုံညီပွဲတော် ကျင်းပ












နေပြည်တော်၊ ဇန်နဝါရီ ၃

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အထက (၁၈)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပညာရေးဆုံညီပွဲတော် ကျင်းပရာ မြို့နယ်တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးဂျိုးဇက်မှလည်း ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသွားသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာစီစာကုံး၊ ကဗျာ ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆုရ ဆရာ/ ဆရာမများကို ဆုများချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ပြီး Gread-11 ကျောင်းသား/ကျောင်းသူများ၏ တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)