မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ၊ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ(Memorandum Of Agreement)များ လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန် ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို ပူးပေါင်းရင်းနှီးမြှုပ်နှံ၊ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ(Memorandum Of Agreement)များ လက်မှတ်ရေးထိုး


ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာ့လယ်ယာထွက်ကုန်စည်များကို ပြည်ပသို့တိုးမြှင့်တင်ပို့ရာတွင် အထောက် အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်း ဧရိယာအကွက်အမှတ်(၂၇)၊ (၂၈)နှင့် (၂၉) တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီတင်၊ ချဆိပ်ကမ်းတံတားသစ်များတည်ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ်(၁၊ ၂၊ ၃ နှင့် ၄)တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ်(Sheltered Conveying System)တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည် ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ (Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က Novotel Yangon Max ဟိုတယ်၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း နှင့်ဆက်စပ်ကုမ္ပဏီများ၊ Myanmar China Harbour Engineering (MCHEC)ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန် ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်တွင် ဆန်တင်ပို့မှုတန်ချိန် ၁ ဒသမ ၇ သန်းသာရှိခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လတာကာလအတွင်း တန်ချိန် ၂ ဒသမ ၁ သန်းအထိ တင်ပို့ထားခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာရေး နှစ်တွင် တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာရှိခဲ့ သော်လည်း ယခုဘဏ္ဍာရေးနှစ် ၉ လ အတွင်း တန်ချိန် ၁ ဒသမ ၆ သန်းခန့်အထိ တိုးတက်ကိုင်တွယ်လာရသည့်အတွက် အထွေထွေကုန်စည်ကိုင်တွယ်မှုအပိုင်း တွင် ဆိပ်ကမ်းတံတားများလိုအပ်လာသည့် အပြင် အလုပ်တွင်စေမည့် ခေတ်မီကုန် ကိုင်တွယ်စက်ကိရိယာများကို မဖြစ်မနေ တပ်ဆင်အသုံးပြုပြီး စွမ်းဆောင်နိုင်မှု (Productivity) ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန် ၂ ဆတိုးမြှင့်နိုင်ရေး အထောက်အကူပြု လုပ်ငန်းစဉ်အဖြစ်ယခုလို ဆိပ်ကမ်းတံတား များနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများ ကို တိုးချဲ့တည်ဆောက်ထားနိုင်ခြင်းဖြင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာကိုင်တွယ်နိုင်ရန်အတွက် အဆင် သင့်ဖြစ်မှု (Readiness)ကို ရရှိစေနိုင် မည်ဖြစ်သည့်အတွက် ယခုစီမံကိန်း လုပ်ငန်းလေးခုစလုံးကို နှစ်ဖက်အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန် လိုကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် အစိုးရ-ပုဂ္ဂလိက (G2B)၊ ပုဂ္ဂလိက-ပုဂ္ဂလိက (B2B)ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမို၍ တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


သီလဝါအကွက်အမှတ်(၂၇)၌ စားသုံးဆီဆိပ်ကမ်းတံတား တည်ဆောက်ရေး လုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်) အွိုင်း(လ်) အင်ဒတ်စထရီရယ်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(MEICO) နှင့် MCHEC၊ သီလဝါဆိပ်ကမ်းအကွက် အမှတ်(၂၈)၌ ကောက်ပဲသီးနှံဆိပ်ကမ်း တံတားတည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက်(MAPCO)နှင့် MCHECI သီလဝါဆိပ်ကမ်းအကွက်အမှတ်(၂၉)၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတားတည် ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့ လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL)နှင့် MCHEC၊ ဆူးလေသိုလှောင်ရုံ အမှတ်(၁၊၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတား များတွင် အမိုးအကာပါကွန်ဗေယာစနစ် (Sheltered Conveying System)တပ်ဆင် ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် MCHEC တို့အကြား သဘော တူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ ကြပြီး စီမံကိန်းများ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)