ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အလွတ်တန်း(ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အလွတ်တန်း(ကျား/မ) မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်




မြစ်ကြီးနား၊ ဇန်နဝါရီ ၈

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်း (ကျား/မ)မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက် (၆) နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းပေါ်၌ စတင်တာလွတ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြိုင်ပွဲဝင်အားကစားသမား (၈၀၀)ကျော် တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ပြိုင်ပွဲစတင်နိုင်ရန် သေနတ်ပစ်ဖောက် တာလွတ်ပေးရာ ပြိုင်ပွဲဝင်များသည် သခင်နက်ဖေလမ်းအတိုင်း မီးသတ်မီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အောင်ဇေရန်အောင်ဘုရားအထိပြေးကြရာ ရပ်ကွက်များအလိုက် အပြေးသမားများအား ကြိုဆိုအားပေးခြင်း၊ ရေနှင့် အချိုရည်များ တိုက်ကျွေးပေးခဲ့ကြပြီး ပြည်နယ်အားကစားကွင်းအတွင်း ပန်းဝင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက အပြေးပြိုင်ပွဲတွင် အဆင့်(၁)မှ အဆင့် (၂၀)အထိ ပန်းဝင်ကြသည့် ပြိုင်ပွဲဝင် အမျိုးသားများအား ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ် ဝန်ကြီးများ၏ ဇနီးများက ပြိုင်ပွဲတွင် အဆင့်(၁) ပန်းဝင်သူမှ အဆင့် (၂၀)အထိ ပန်းဝင်ကြသည့် ပြိုင်ပွဲဝင်အမျိုးသမီးများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိပြီးဖြစ်သော်လည်း လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အသေးစိတ်အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများ၊ တက်ရောက်ကြသည့် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လိုအပ်ချက်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)