နေပြည်တော်၊ ဇန်နဝါရီ ၉
အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး တက်ရောက်အမှာ စကားပြောကြားသည်။
တက်ရောက် အစည်းအဝေးသို့ ဗဟို ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီဝင်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိ ပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား လုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များနှင့် စီးပွား ရေးရာဝန်ကြီးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့အစည်းအဝေးကို (၁/၂၀၂၄) ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှ ထွက်ပေါ်လာ သည့် ဆွေးနွေးတင်ပြချက်များ၊ ဆုံးဖြတ်ချက်များအပေါ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေများကို သိရှိသုံးသပ် နိုင်ရန်နှင့် ခရီးသွားရာသီကာလ တွင် နိုင်ငံတကာခရီးသွား ဧည့်သည်များ ပိုမိုရောက်ရှိရေး၊ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးအဖြေရှာရန် ကျင်းပခြင်း ဖြစ်ကြောင်း။
ကမ္ဘာ့ဒေသအသီးသီးတွင် ခရီး သွားဧည့်သည်များ ပိုမိုရောက်ရှိ လာစေရန်အတွက် ခရီးသွား လုပ်ငန်းကဏ္ဍ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မှု၊ Visa ဖြေလျှော့မှု၊ လေကြောင်းလိုင်း များ တိုးချဲ့ပျံသန်းမှု၊ ဈေးကွက် မြှင့်တင်ရေး ပိုမိုလုပ်ဆောင်မှု၊ ခရီးစဉ်ဒေသများတွင် ခရီးသွား ထုတ်ကုန်များ ဖော်ထုတ်မှု၊ Events များ လက်ခံကျင်းပမှု စသည့်အစီအစဉ်များ ချမှတ်ဆောင်ရွက် လာကြသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံ၏စီးပွားရေးကို အထောက် အကူပြုစေမည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ခရီးသွားများ လွယ်ကူချောမွေ့စွာ ခရီးသွားလာနိုင်ရေးနှင့် ပြည်ပ ခရီးသည်များ ဝိုမိုလာရောက်ရေး တို့ကို အခြားနိုင်ငံများနည်းတူ အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး မိမိတို့၏ ဒေသထွက် ကုန်ပစ္စည်းများ၊ စားသောက်ကုန် များ၊ အမှတ်တရလက်ဆောင် ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ထိုမှတစ်ဆင့် ကုန်ချော ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လိုအပ်သည့်နည်းစနစ်များ၊ ဗဟု သုတများနှင့်သင်တန်းများ၊ အလုပ် ရုံဆွေးနွေးပွဲ၊ ပြပွဲပြိုင်ပွဲများအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ အနေဖြင့် ခရီးသွားလုပ်ငန်း ကော်မတီ၏ လမ်းညွှန်မှုနှင့် ခရီး စဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှပရေး၊ ဒေသ ထွက် အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အစားအစာ များ၊ ကျန်းမာရေးနှင့်ညီညွတ် မှုရှိပြီး အဆင့်မီစွာဖြင့် ဝန်ဆောင် မှုပေးနိုင်ရေးအတွက် သက်ဆိုင် ရာ တာဝန်ရှိသူများက ဒေသခံများ နှင့် လက်တွဲပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်များသည် ကင်း လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်း စွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်ကို ခရီး သွားများ အချိန်တိုတိုအတွင်း ထိထိရောက်ရောက် သိရှိအောင် အဓိကထား ဆောင်ရွက်ကြရန် မှာ ကြားလိုကြောင်း၊ မိမိတို့နိုင်ငံ ၏ ထူးခြားသည့် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း Digital Platform များမှတစ်ဆင့် ကမ္ဘာ့ခရီးသွား အသိုက်အဝန်း န်ဆက်လက်ကြိုးပမ်း က သိရှိနိုင်ရန်ဆက်လက်ကြိုးပ ဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ယခင်ကျင်းပခဲ့ သည့် ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပေါ်အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကဏ္ဍ၏ လက်ရှိအခြေ အနေများနှင့် အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုးက ဗဟို ကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေနှင့် ဗဟိုကော်မတီသို့ တင်သွင်းလာသည့် အမှာစာများ ကို ဖတ်ကြားတင်ပြပြီး အတည် ပြုချက်ရယူသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ စီးပွားရေးရာဝန်ကြီး များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာ ရှင်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဗဟို ကော်မတီဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment