ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၃

ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာ ပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ၊ လုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌဆရာတော် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကေသရနှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီးများက ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့် ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါယနာတင်ဋီကာ ၂၆ အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့် ဆောင်ရွက်သွားရန်နှင့် ကွန်ပျူတာစာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ စာသင်တိုက်ကြီးများသို့ အမြန်ပေးပို့သွားရန်လိုအပ်ကြောင်း၊ သာသနာအတွက် အကျိုးများသော လုပ်ငန်းဖြစ်သဖြင့် ဆရာတော်များအနေဖြင့် စိတ်ရောကိုယ်ပါ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိန့်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များအား ရိုက်နှိပ်ပြီးသော အဋ္ဌကထာစာအုပ် ၂၇ အုပ်နှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော် ကွန်ပျူတာစာမူများကို ရှင်းလင်းပြသပြီး ဆရာတော်ကြီးများ၏ မိန့်ကြားချက်များအပေါ် ပြန်လည်ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရသည်။   

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)