ဇန်နဝါရီ- ၂၀ ( တနင်္လာနေ့)
ကမ္ဘာ့ထိပ်တန်းသူဌေးကြီးများသည် ဒေါ်နယ်ထရမ့် နဲ့တွေ့ဆုံရန် အတည်ပြုမှုများစွာဖြင့် ဖလော်ရီဒါ ပြည်နယ် Palm Beach ရှိ ၎င်း၏ မာအာလာဂို နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း ဘလွန်းဘာဂ် သတင်းဌာနက ဒီကနေ့ ဖော်ပြခဲ့သည်။
JetSpy လေကြောင်းဒေတာအရ ကမ္ဘာ့အချမ်းသာဆုံး ဆယ်ဦးထဲမှ ခြောက်ဦးသည် နိုဝင်ဘာလအတွင်း ထရမ့် ၏ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဖလော်ရီဒါသို့ ပျံသန်းလာခဲ့ပြီး တွေ့ဆုံခဲ့သည်။ ဘလွန်းဘာဂ် သတင်းဌာနက ထရမ့်ရဲ့ အိမ်ကို "ပါဝါဗဟိုချက်အသစ်" အဖြစ် ဖော်ပြဖော်ပြခဲ့သည်။
ထင်ရှားကျော်ကြားသောဧည့်သည်အချို့သည် ထရမ့် ၏သက်တမ်းကြာ မဟာမိတ်များဖြစ်သော်လည်း အခြားသူများမှာ အိမ်ဖြူတော်သို့ ပြန်လည်ဝင်ရောက်တော့မည့် သူနှင့်အဆက်အသွယ်အသစ်များ ပြုလုပ်နေပုံရသည်ဟု ဆောင်းပါးတွင်ဖော်ပြထားသည်။
၎င်းတို့အနက် Meta Platforms Inc. ၏ ပူးတွဲတည်ထောင်သူ မာ့ခ်ဇူကာဘတ်၏ လေယာဉ်သည် နိုဝင်ဘာ ၂၆ ရက်က Palm Beach အပြည်ပြည်ဆိုင်ရာလေဆိပ် (PBI) တွင် ဆင်းသက်ခဲ့ပြီး နောက်တစ်နေ့တွင် ထွက်ခွာခဲ့ကြောင်း လေကြောင်းအချက်အလက်များအရ သိရသည်။ ဇူကာဘတ် က ညစာစားရန် ဖိတ်ကြားမှုနှင့် ထရမ့် ၏အဖွဲ့သားများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း Meta မှ အတည်ပြု ပြောကြားခဲ့သည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလ Capitol အဓိကရုဏ်းအပြီးတွင် ထရမ့်ကို Meta platform များမှ ယာယီပိတ်ပင် ခဲ့သည်။
Amazon တည်ထောင်သူ ဂျက်ဘီးဇော့ က ဒီဇင်ဘာလအတွင်းက ထရမ့် နှင့် မာအာလာဂိုအိမ် တွင် တွေ့ဆုံခဲ့ပြီး နာရီပေါင်းများစွာကြာအောင် စကားပြောဖြစ်ခဲ့ကြပါတယ်။ မီဒီယာများ၏ ဖော်ပြချက်အရ Amazon သည် ထရမ့် ၏ကျမ်းသစ္စာကျိန်ဆိုမှုအတွက် ကန်ဒေါ်လာ ၁ သန်းကတိပြုခဲ့ပြီး မယ်လာနီယာထရမ့် အတွက် ဒေါ်လာ သန်း ၄၀ တန် မှတ်တမ်းရုပ်ရှင်အတွက်ရန်ပုံငွေပေးရန် သဘောတူခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတ ကမလာဟာရစ်ကို ထောက်ခံခဲ့သော Microsoft ၏ CEO ဟောင်း ဘီလ်ဂိတ် သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် ထရမ့် နှင့် သုံးနာရီကြာ ညစာအတူစားခဲ့သည်ဟု အတည်ပြုခဲ့သည်။
ထရမ့်၏အရင်းနှီးဆုံးမဟာမိတ် X ဆိုရှယ်မီဒီယာပိုင်ရှင် အီလွန်မက်ကတော့ မာအာလာဂို သို့ မကြာခဏ လာရောက် လည်ပတ်သူ ဖြစ်သည်။ JetSpy ၏ အဆိုအရ မက်စ် ၏ လေယာဉ်များသည် ရွေးကောက်ပွဲနေ့မှစပြီး Palm Beach သို့ ခရီးစဉ် တစ်ဒါဇင်ကျော် ပြုလုပ်ခဲ့ပြီး ယင်းဧရိယာတွင် စုစုပေါင်း သုံးပတ်ကြာ နေထိုင်ခဲ့ကြောင်း မှတ်တမ်းများ တွင် ဖော်ပြထားသည်။
Google ပူးတွဲတည်ထောင်သူ ဆာဂေး ဘရင်း၊ အော်ရီကယ်ပိုင်ရှင် လာရီအယ်လီဆင်၊ ယူဘာ ပိုင်ရှင် ထရာဗီ ကလာနစ်၊ သြစတြေးလျသတ္တုတူးဖော်ရေးသူဌေးကြီး ဂီနာရိုင်ဟတ်၊ ဟန်ကော့ကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် အခြားသော ဘီလီယံနာများ၏ လေယာဉ်များသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ထရမ့်နေထိုင်ရာအိမ် သို့ လာရောက်ခဲ့ကြသည်။ အခြားသူများတွင် ထရမ့် ၏ ကူးသန်းရောင်းဝယ်ရေး အတွင်းရေးမှူးဖြစ်သည့် သူဌေးကြီး ဟောင်ဝဒ်လက်နစ်၊ ဇီဝနည်းပညာသူဌေး ပတ်ထရစ် ဆွန်ရှီအွန် ၊ ခရစ်ပတိုငွေကြေး သူဌေးကြီး ဝင်ကယ်ဗော့စ်တို့ အမွှာညီအကို နဲ့ ကာစီနိုဘီလျံနာ တေးလ်မန်း ဖာတစ်တာ တို့ပါဝင်သည်။
ဇန်နဝါရီ ၂၀ တွင်ပြုလုပ်ရန်စီစဉ်ထားသည့် Trump ၏ကျမ်းသစ္စာကျိန်ဆိုပွဲကို ဖိတ်ကြားထားသော ကုမ္ပဏီများနှင့် နည်းပညာရှင် အများအပြားသည် ထရမ့်သမ္မတရာထူး ဖွင့်ပွဲ ရန်ပုံငွေအတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
REF: RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment