ဥရောပသမဂ္ဂ ( အီးယူ ) ပြိုကွဲတော့မယ်လို့ စလိုဗက်ဝန်ကြီးချုပ် သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပသမဂ္ဂ ( အီးယူ ) ပြိုကွဲတော့မယ်လို့ စလိုဗက်ဝန်ကြီးချုပ် သတိပေး



ဇန်နဝါရီ - ၁၀  ( သောကြာနေ့ ) 

(အရေးတကြီးကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အရည်အချင်းမပြည့်မီတာကြောင့် ဥရောပသမဂ္ဂအဖွဲ့ဟာ ထင်ထားတာထက် ပိုစောပြီး ပြိုလဲသွားနိုင်တယ်လို့ ရောဘတ်ဖီကို က အကြံပြုထားပါတယ်)

အီးယူအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အီးယူကိုထိန်းကျောင်းတဲ့နေရာမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ စိတ်ထင်တိုင်း ဆုံးဖြတ်ချက်တွေ ချနေတာကြောင့် အဖွဲ့ဝင်နိုင်ငံတွေ စီးပွားရေး ကျဆင်းလာပြီး အဲ့ဒိပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကို သည် ပြစ်တင်ရှုတ်ချခဲ့ ပါတယ်။  

ယူကရိန်းနိုင်ငံကိုဖြတ်ပြီး ပို့နေတဲ့ ရုရှားဓာတ်ငွေ့တွေကို ယူကရိန်းတွေက စာချုပ်သက်တမ်းပြည့်လို့ ဖြတ်သန်းခွင့် မပေးတော့တာနဲ့ ပတ်သက်ပြီး သူက ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးအား "စလိုဗက်ကီးယားနှင့် EU ၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို ပျက်ပြားစေတယ်" လို့ စွပ်စွဲလိုက်ပါတယ်။ 

ဟန်ဂေရီ၊ သြစတြီးယားနှင့် စလိုဗက်ကီးယားသို့ ရုရှားသဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းတွေကနေ ယူကရိန်းကို ဖြတ်ပြီး ပို့နေတာပါ။ ယူကရိန်းနဲ့ ရုရှား Gazpromကြား သဘောတူစာချုပ်က ၂၀၂၄ မှာ သက်တမ်းပြည့်သွား တာကို စာချုပ်အသစ်ချုပ်ဖို့ကို ယူကရိန်းက ငြင်းဆိုလိုက်တာပါ။ အဲ့ဒိသက်တမ်းတိုးစာချုပ်ငြင်းဆိုလိုက်တာက အီးယူအနှံ့ စွမ်းအင်အကျပ်အတည်းကို ဖြစ်စေနိုင်ပြီး ယူရို ၇၀ ဘီလီယံ (ဒေါ်လာ ၇၂ ဘီလီယံ) ဖိုး ပျက်စီးစေတယ်လို့လည်း ဆိုလိုက်ပါတယ်။ 

“ လက်ရှိဖြစ်နေတဲ့ စစ်ထဲကို စလိုဗက်ကီးယားရော အီးယူနိုင်ငံတွေ ဝင်ပါမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယူကရိန်းကို ထောက်ပံ့ပေးနေတာကတော့ ဇလန်စကီရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်။ အီးယူနိုင်ငံတွေ အကျပ်အတည်းနဲ့ ရင်ဆိုင်ရရင်တော့ ယူကရိန်း အထောက်အပံ့ မရနိုင်တော့ဘူးဆိုတာ သေချာပါတယ်” လို့ ၎င်းက ဆိုပါတယ်။ 

“ကျနော် ဘရပ်ဆဲလ်ကို သွားပြီး အီးယူစွမ်းအင် ကော်မရှင်နာနဲ့သွားတွေ့တယ်။ ကျနော်တို့မှာ ပြဿနာကြီးကြီး ရင်ဆိုင်နေရပြီ။ အဲ့ဒါနဲ့ ပတ်သက်ပြီး လုပ်နိုင်သလောက် အကုန်လုပ်သင့်ပါပြီ လို့ အိပ်မောကျနေတဲ့ တာဝန်ရှိတွေကို သွားနိုးပြီးပြောရတဲ့အထိ ဖြစ်နေပါတယ်။ အဲ့လောက်ထိ အီးယူရဲ့ အရေးယူဆောင်ရွက်မှု ကင်းတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတယ်ဗျာါ” လို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ် ရောဘတ်ဖီကို က EU ၏ စွမ်းအင်အကြီးအကဲ ဒန်ဂျော်ဂျန်ဆင် နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)