မှုခင်းကိစ္စနဲ့ ပတ်သက်လို့ မမှန်မကန် ဖောက်ဖောက်ပြန်ပြန် လုပ်ခဲ့သူမှန်သမျှကို အရေးယူပေးရန် ဦးအောင်မြိုင် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှုခင်းကိစ္စနဲ့ ပတ်သက်လို့ မမှန်မကန် ဖောက်ဖောက်ပြန်ပြန် လုပ်ခဲ့သူမှန်သမျှကို အရေးယူပေးရန် ဦးအောင်မြိုင် တောင်းဆို


ရန်ကုန်၊ ဇန်နဝါရီ ၁၆

အရိယာမဏ္ဍိုင်တောရရိပ်သာ ဆရာတော်၏ ဟောကြားမှုများနှင့် ပတ်သက်၍ သံဃမဟာနာယက ဆရာတော်ကြီးများအနေဖြင့် ဓမ္မနှင့် အဓမ္မအဆုံးဖြတ်ပေးနိုင်ရန် ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ဦးဆောင်သော စောဒကများက အမှုတွဲသုံးခု တင်ပြခဲ့သည်။

ထိုသို့ တင်ပြထားသည့်အတောအတွင်း အရိယာမဏ္ဍိုင် တောရရိပ်သာဆရာတော် ဦးသူရိယ ၏ တပည့်က ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် ဦးအောင်အောင်ဇော်တို့ကို လှည်းကူးမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုရာမှ အရပ်ဘက်တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။

အဆိုပါ မှုခင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်မြိုင် က "မှုခင်းကိစ္စနဲ့ ပတ်သက်လို့ မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ အစည်းအဝေးများ တင်သွင်းမှုများ ဆွေးနွေးဆုံးဖြတ်မှုများကို သက်ဆိုင်ရာက စစ်ဆေးကြည့်ရင် ပေါ်ပါတယ်။ တစ်ဖွဲ့လုံးက မမှန်မကန် ဖောက်ဖောက် ပြန်ပြန် လုပ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။  မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ခဲ့သူမှန်သမျှ ပေါ်စေဖို့ အရေးယူပေးဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် တင်ပြနေတာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ သိက္ခာချနေတာ မဟုတ်ဘူး။ ဘယ်အဖွဲ့ကိုမှ သိက္ခာချနေတာ မဟုတ်ဘူး။ သိက္ခာမရှိ ကျင့်ဝတ်မရှိ ဓမ္မမသိ သာသနာမသိ မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ရာထူးနဲ့ မတန်သူတွေရှိကြောင်း သိစေရန်မျှသာဖြစ်ပါတယ်။ သက်ဆိုင်ရာက တရားဝင် ဆင့်ခေါ်စစ်ဆေးးပါက တိတိကျကျ ထွက်ဆိုဖြေရှင်းပေးနိုင်ပါတယ်။" ဟု ရေးသားပြောဆိုထားသည်။

ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် ဦးအောင်အောင်ဇော် တို့အား အရိယာမဏ္ဍိုင် တောရရိပ်သာဆရာတော် ဦးသူရိယ ဘက်မှ အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများထံ ဆရာတော်ကြီးများ မဆုံးဖြတ်ရသေးသည့် အမှုအခင်းနှင့် ပတ်သက်၍ အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းအား ဆိုင်းငံ့ထားရန် (သို့မဟုတ်) ပလပ်ရန် တိုက်ရိုက်ဆက်သွယ်အကြောင်းကြားထားသော်လည်း ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် ဦးအောင်အောင်ဇော် တို့အား လှည်းကူးမြို့နယ် တရားရုံးတွင် စွဲဆိုထားသောအမှုကို ဆိုင်းငံ့ခြင်း၊ ပလပ်ခြင်း မရှိဘဲ အမှုဆက်လက် ရင်ဆိုင်နေရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)