ငပုတောမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အုပ်ချုပ်ရေး၊ ပညာရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အုပ်ချုပ်ရေး၊ ပညာရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကျင်းပ


ပုသိမ်၊ ဇန်နဝါရီ ၁၆

၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ယခုပညာသင်နှစ်သည် Grade-12 စနစ်သစ်စာမေးပွဲအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရပ်များကိုစတင်၍ ဆည်းပူးနေသည့် နှစ်လည်းဖြစ်ပါကြောင်း၊  Grade-12 တွင်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာပေများကို ဂရုတစိုက်လေ့လာ ကျက်မှတ်ကြရန်လိုပါကြောင်း၊ ကျန်းမားရေးကောင်းမွန်အောင် အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ‌တော်က အားထားရသော သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် မိမိဘဝတိုးတက်စေရေးတို့အတွက် Grade-12 စာမေးပွဲတွင် အောင်ချက် မြင့်မားရေးနှင့် ဝိဇ္ဇာဘာသာတွဲသာမက ဝိပ္ပံနှင့်သိပ္ပံဘာသာတွဲများတွင်လည်း ထူးချွန်စွာ အောင်မြင်ရေးအတွက် အာရုံစူးစိုက်၍ ကြပ်မတ်ရန်လိုအပ်ပါကြောင်း တိုက်တွန်းအားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်မိုးမိုးအေးက အခြေခံပညာအထက်တန်းအဆင့်(Grade-12) တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ပြီး အ.ထ.က ငပုတောကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အောင်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)