ဟုမ္မလင်းမြို့၌​ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့၌​ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကျင်းပ




ဟုမ္မလင်း၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့်ယဥ်ကျေးမှုကော်မတီမှ စီစဥ်ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲကို ယမန်နေ့ ည(၄)နာရီအချိန်က ဟုမ္မလင်းမြို့၊ နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နာဂအကြီးအကဲများနှင့် ဧည့်သည်တော်များက နာဂရိုးရာဘန်တုံးထုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီနာယကကြီး ဦးပီတာနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းတို့က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ပြီး၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံအား မဖြိုးနေဇာလင်းက ရှင်းလင်းဖတ်ကြားခဲ့ကြသည်။

ဆက်လက်၍ နာဂအကြီးအကဲများက နှစ်သစ်ကူးလက်ဆောင်ပေးအပ်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ဖြင့် ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွင် ဘောလီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ဦးချွေးထောင်းကဦးဆောင်၍ မီးပုံဝိုင်းအား မီးထွန်းညှိပေး၍ ဖွင့်လှစ်ပြီး၊ ဟုမ္မလင်းမြို့ပေါ်ရှိ နာဂတိုင်းရင်းသားများရိုးရာ အကများဖြင့်သည့် မကူရီအမျိုးသားအက၊ အမျိုးသမီးအက၊ တန်ကွန်အမျိုးသားအက၊ အမျိုးသမီးအက၊ ပါရာအမျိုးသမီးအက၊ နာဂရိုးရာဖက်ရှင်ရှိုး၊ လူငယ်နာဂအလန်းဇယားအက၊ ခေတ်ပေါ်နာဂအက၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နာဂရိုးရာနှစ်သစ်ကူးနေ့သည် တောင်ယာ၊ လယ်ယာ၊ လုပ်ငန်းများ ပြီးစီးသည့်အချိန်ဖြစ်၍ လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်း၊ ရှေ့လာမည့်နှစ်အတွက် လုပ်ငန်းများညှိနှိုင်းခြင်း၊ လုပ်မှားကိုင်မှားအပြစ်များဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ လာမည့်နှစ်များတွင် ဆန်ရေစပါး ပေါများအောင် ဆုတောင်းခြင်း၊ ရပ်ဝေး၊ ဆွေမျိုးများနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် ဆုတောင်းခြင်းများ ပြုလုပ်သည့် ပွဲတော်များပင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဦးစီးအခြေပြုဗိုလ်မှူးကြီး ကျော်စွာဝင်း၊ ဟုမ္မလင်းတပ်စခန်း တပ်နယ်မှူးဗိုလ်မှူးကြီး မြတ်မင်းသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ် နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ နာဂတိုင်းရင်းသားများ၊  ရှမ်း၊ ချင်းတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား နာဂရိုရားအစားအစာနှင့် ခေါင်ရည်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြပြီး၊ မီးပုံဝိုင်း​ဖြင့်စုပေါင်း၍ အိုလေးအိုး---အိုးလေးအိုးသီချင်းဖြင့်စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


လင်းလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)