ဇန်နဝါရီ - ၉ ( ကြာသပတေးနေ့ )
မြောက်ကိုရီးယားသည် အသံထက်မြန်သည့် ဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက “ကျွန်ုပ်တို့ရဲ့နိုင်ငံအပေါ် ရန်လိုတဲ့ အင်အားစုတွေကို ဟန့်တားဖို့အတွက် ဒီလို နျူကလီးယားပစ်နိုင်တဲ့ ဒုံးကျည်ကို တီထွင်ဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် တနင်္လာနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားမီဒီယာများက ပထမဆုံးဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားသည် ၂၀၂၁ ခုနှစ်ကတည်းက အသံထက် ငါးဆကျော် ပျံသန်းနိုင်သော အသံထက်မြန်သည့် ဒုံးကျည်များကို တီထွင်ထုတ်လုပ်နေသော်လည်း တနင်္လာနေ့ မပျံသန်းမီ စမ်းသပ်ပစ်လွှတ်မှုအားလုံး မအောင်မြင်ခဲ့ကြောင်း အနောက်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA ၏ အဆိုအရ ဒုံးကျည်အသစ်သည် ပြုံယမ်းမြို့ဆင်ခြေဖုံးမှ အရှေ့မြောက်ဘက်သို့ ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၁၅၀၀ ခန့်အကွာ ပင်လယ်ပြင်ရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ဆိုပါတယ်။ ဒုံးကျည်သည် အမြင့် ၉၉.၈ ကီလိုမီတာအကွာတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဒုတိယ အထွတ်အထိပ်သို့ ၄၂.၅ ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပြီး ဒုံးကျည် ပစ်လွှတ်သည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းထက် အလယ်အလတ်လမ်းစဉ်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။
လက်ရှိပစ်လျွတ်စမ်းသက်သည့် ဒုံးကျည်သည် ပေါ့ပါးသော ကာဗွန်ဖိုက်ဘာပစ္စည်းများကို အသုံးပြုခဲ့ကြောင်း၊ "သိပ်သည်းလှသော ကာကွယ်ရေးအတားအဆီးမှန်သမျှကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ပြီး ပြိုင်ဘက်ကို ပြင်းထန်သော စစ်ရေးအရ ထိုးနှက်ချက်ပြုနိုင်ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ရုရှားနှင့် တရုတ်တို့သည် အသံထက်မြန်သောလက်နက်များ တီထွင်ထုတ်လုပ်ခဲ့ပြီး ရုရှား၏ ပထမဆုံး အသံထက်မြန်သည့် ဒုံးကျည်ဖြစ်သည့် Kh-47 Kinzhal ကို၂၀၁၇ တွင် စတင် အသုံးပြုခဲ့ပါတယ်။ နောက်နှစ်နှစ်အကြာတွင် တရုတ်က DF-ZF ဒုံးတွေကို ထုတ်နိုင်ခဲ့ပါတယ်။
Ref - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment