ChatGPT ပိုင်ရှင်ကို သူ့ညီမက ငယ်ငယ်တုန်းက လိင်ပိုင်ဆိုင်ရာ စော်ကားမျု လုပ်ခဲ့တယ်လို့ စွပ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ChatGPT ပိုင်ရှင်ကို သူ့ညီမက ငယ်ငယ်တုန်းက လိင်ပိုင်ဆိုင်ရာ စော်ကားမျု လုပ်ခဲ့တယ်လို့ စွပ်စွဲ


OpenAI ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ AI (ဉာဏ်ရေတု ) လောကတွင်  အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဆမ်အော်တမန် ရဲ့ညီမက ငယ်စဉ်ကပင် သူမအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အော်တမန်က ၎င်း၏ မွေးချင်းသည် ငွေကြေးအမြတ်အစွန်းကို ရှာဖွေနေသည်ဟု ဆိုကာ စွပ်စွဲချက်များကို ငြင်းဆိုထားပါတယ်။

 အန်နီအောတမန်က ဆမ်ကို မစ်ဇူရီပြည်နယ်က ခရိုင်တရားရုံးတစ်ခုမှာ  ဆမ် ၁၂ နှစ်သားအရွယ် သူမ ၃ နှစ်သမီးအရွယ်ကတည်းက လိင်းပိုင်းဆိုင်ရာ စော်ကားမှုအကြိမ်ကြိမ် လုပ်ခဲ့တယ်ဆိုပြီး တနင်္လာနေ့က တရားစွဲခဲ့ပါတယ်။  ဆမ်လုပ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ မုဒိမ်းမှုတွေလည်း ပါတယ်လို့ ဆိုပါတယ်။ 

အန်နီက တရားခွင်တွင် “ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဒုက္ခ၊ စိတ်ဝေဒနာနှင့် စိတ်ဓာတ်ကျခြင်း” ကို ဖြစ်စေခဲ့တဲ့ အတွက်ကြောင့် နစ်နာကြေးဒေါ်လာ ၇၅,၀၀၀ လိုချင်ကြောင်း တင်ပြခဲ့ပါတယ်။

ဆမ်ကတော့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ ၎င်း၏မိခင် ကော်နီ ၊ ညီအစ်ကို ဂျက် နဲ့ မက်စ် တို့နဲ့ပေါင်းကာ  ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ စတင်ခဲ့သည့် စွပ်စွဲချက်များသည် "အလွန်နာကျင်ရပြီး လုံးဝမမှန်ပါ" လို့ ဆိုပါတယ်။ 

သူတို့က အန်နီ သည် "စိတ်ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုများ" နှင့်ရင်ဆိုင်နေရပြီး "သမားရိုးကျကုသမှုကို ငြင်းဆန်ပြီး စစ်မှန်စွာကူညီရန် ကြိုးစားနေသော မိသားစုဝင်များကို ပြင်းထန်စွာဝေဖန်နေတာပါ" လို့ဆိုကြပါတယ်။ အော်တမန်မိသားစုက အန်နီ အား ကြီးမားသောငွေကြေးပံ့ပိုးမှု ပေးခဲ့ပြီး "သူမကို ဆေးဘက်ဆိုင်ရာ အကူအညီပေးဖို့  ကြိုးပမ်းခဲ့ကြပါတယ်။  ယုံကြည်စိတ်ချစွာဖြင့် အိမ်တစ်လုံးဝယ်ယူရန် ကမ်းလှမ်းခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

ဆမ်အောတမန် သည် ChatGPT AI chatbot ကိုဖန်တီးခဲ့သည့် OpenAI ၏ CEO အဖြစ်လူသိများပါတယ်။ ဖိုဘီမဂ္ဂဇင်ရဲ့ အဆိုအရ  ၂၀၂၅ တွင် သူ၏ အသားတင် ပိုင်ဆိုင်မှုမှာ $1.1 billion ကန်ဒေါ်လာ ၁.၁ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လတုန်းက မီဒီယာ ဆောင်းပါးတစ်ပုဒ်တွင် အန်နီက သားဥအိမ်ရောဂါကို ခံစားနေရပြီး မပျောက်နိုင်ဘဲ ဖြစ်နေသလိုနှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့မှု မရရှိခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)