မြောက်ဥက္ကလာပမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

 


မြောက်ဥက္ကလာပ , ဇန်နဝါရီ ၅


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့ရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံဂုဏ်ပြုရဲတပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်လောဟာနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်အလေးပြုခဲ့ကြသည်။ ထို့နောက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ဖတ်ကြားခဲ့ပြီး  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်နေ့အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်ခဲ့သော မွေးကင်းစမှ ခြောက်လအထိ ကလေးပြိုင်ပွဲ၊ အသက်ခြောက်လမှ တစ်နှစ်ထိ ကလေးပြိုင်ပွဲ၊ အသက်တစ်နှစ်မှ တစ်နှစ်ခွဲထိ ကလေးပြိုင်ပွဲ၊ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲတို့တွင် ဆုများ အသီးသီးရရှိခဲ့ကြသော မိခင်များနှင့် ကလေးငယ်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ရာ တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်လောဟာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၁) ဗိုလ်မှူး ချမ်းမြေ့ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးမင်းမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၃) ဦးစံသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲတပ်ဖွဲ့မှူး ရဲမှူး တင့်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား (၁၀၀)ခန့်တက်ရောက်ခဲ့ကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးချုပ်မှထုတ်ဝေသည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  မြို့နယ်ရုံးမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


အောင်ကျော်စိန်/သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)