ညောင်ရွှေမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည်




ညောင်ရွှေ၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ပွင့်လင်းရာသီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ဖော်ဝါရီလ(၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ညောင်ရွှေမြို့ ဖောင်တော်ပြန်မဏ္ဍာပ် (နမ့်ကပ်ချောင်း)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲတွင် အင်းသားရိုးရာလေးကျိပ်ခြောက်တက်(အမျိုးသား)ပြိုင်ပွဲ၊ အင်းသားရိုးရာနှစ်ကျိပ်ခြောက်တက်(အမျိုးသမီး)ပြိုင်ပွဲ၊ နှစ်ကျိပ်ခြောက်တက်ကျောင်းသားပြိုင်ပွဲများကို ထည့်သွင်းယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းအယ်ဘဲ

#MNP #News

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)