မူဆယ်၊ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား/သူများက “ကြိုဆိုပါသည်စုံညီပွဲတော်သီချင်း” သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဦးအောင်ကိုက စုံညီပွဲတော် ဂုဏ်ပြုအားပေး စကားပြောကြားသည်။ ထို့ပြင် စုံညီပွဲတော်၌ စာပေဆုရ ကျောင်းသား/သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရကျောင်းသား/သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ အတန်းအလိုက် ထူးချွန် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မို့မို့ဝင်းက ကျေးဇူးတင်စကား ပြောကြားပြီး စုံညီပွဲတော်၌ ကျောင်းသား/သူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ စသည့်ပျော်ပွဲရွှင်ပွဲများနှင့် ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ ပျော်ရွှင်စွာ အားဖြည့်ပါဝင်ကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment