ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ




ဂန့်ဂေါ၊ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှဦးဆောင်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံအားလုံးအားထိခိုက်စေသော၊ ရှုပ်ထွေးစေသော လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဓိကပြဿနာတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုများ လျော့နည်းစေရန်အတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အားဖွဲ့စည်း တာဝန်ပေးဆောင်ရွက်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်အစိုးရမှထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများအား သိရှိလိုက်နာပြီး ပေးအပ်သည့်တာဝန်များကို တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ကာ အန္တရာယ်ကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။            

ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေး၊ တိုင်ကြားရမည့်လိပ်စာများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များ ရှင်းလင်းပြောကြားပြီး မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်  မြို့နယ်တရားသူကြီး၊ ဦးစည်သူအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိရှိထားသင့်သော ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။                                     

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ဂန့်ဂေါမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။                                                   


မောင်မျိုးမင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)