ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖွင့်လှစ်သွားမည့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး




မြစ်ကြီးနား ,  ဇန်နဝါရီ ၄


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၇၇)နှစ်မြောက် ကချင်ပြည်နယ် အထိမ်းအမှတ်အခမ်း အနားကို မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် ပြည်နယ် နေ့အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား)နှင့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းများ ကို ဖွင့်လှစ်သွားမည်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက အပန်းဖြေစခန်းအတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ စည်ပင်သာ ယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အပန်းဖြေစခန်းအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ဆိပ်၌ ဧရာဝတီမြစ်နှင့် တစ်ဆက်တစ်စပ်တည်း မြစ်၏အလှအပများကို ခံစားစေနိုင်သော ရှုခင်းမျှော်ခင်းများဖြစ်စေရေး ကျောက်လုံးရင်ပြင်အဖြစ် ခင်းကျင်းဆောင်ရွက်ထားရှိမှု၊ အလှပန်းခင်းများ၊ နေကြာပန်းခင်းများ၊ ရိုးရာဝါးတဲများ တည်ဆောက် ထားရှိမှု၊  အင်ဂျန်းခချောင်းကျော် ဝါးတံတားများ တည်ဆောက်ထားရှိမှု အခြေအနေများနှင့် မြစ်ကမ်း တစ်လျှောက် အပန်းဖြေထိုင်ခုံများတည်ဆောက်ထားရှိမှု၊ အင်ဂျန်းခချောင်းဘေး၌ ရိုးရာစားသောက် ဆိုင်များ တည်ဆောက်နေမှု အခြေအနေများနှင့် အဆိုပါ အပန်းဖြေစခန်းနေရာမှ ဆုတောင်းပြည့် စေတီတော်မြစ်ဆိပ်အထိ ပန်းနှမ်းခင်းများဖြင့် ဝင်းဝါစွာ ဖူးပွင့်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း အဆိုပါ အပန်းဖြေ စခန်းအတွင်း ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့ စိမ်းလန်း စိုပြည်ရေးဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ မြေညှိခြင်း၊ သန့်ရှင်းရေး ဆောင်ရွက် ခြင်း၊ ပန်းပင်များ ဖြည့်စွက်စိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြေယာပြုပြင်ခြင်း လုပ်ငန်းများ၊ ပုံဖော်အလှဆင်ခြင်းများ ထပ်မံဖြည့်စွက်ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)