ဟားခါး , ဇန်နဝါရီ ၄
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၅)ကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ၊ ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆပ်ကော်မတီအသီးသီးက ရှင်းလင်းတင်ပြကြစေလို ကြောင်း ၊ ဆပ်ကော်မတီများက (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကုန်ကျမည့် ခန့်မှန်းကုန်ကျစရိတ်များကို ရေးဆွဲတင်ပြကြစေလိုကြောင်းနှင့် ( ၇၇ ) နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို ယင်ခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ( ၇၇ ) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးဆပ်ကော် မတီများဖြစ်ကြသည့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေးကော်မတီ၊ ချင်းရိုးရာအခမ်းအနား ပြင်ဆင်ရေးနှင့်ဝတ်စားဆင်ယင်မှုဆပ်ကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီ ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးဆပ်ကော်မတီ ၊ ဆုချီးမြှင့်ရေး အထောက်အကူပြုဆပ်ကော်မတီ ၊ ပြခန်းများကျင်းပရေးဆပ်ကော်မတီ ၊ ဖွင့်ပွဲ ၊ ပိတ်ပွဲကျင်းပရေး ဆပ်ကော်မတီ ၊ အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ၊ ဘဏ္ဍာရေးဆပ် ကော်မတီ ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ ၊ စာတမ်းမှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ ၊ ကျန်းမာရေးဆပ်ကော်မတီ ၊ လုံခြုံရေးဆပ် ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖျော်ဖြေရေး ဆပ်ကော်မတီတို့မှ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ယခင်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ၊ ဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment