မုံရွာ , ,ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ ၂ ရက်နေ့မှ စတင်၍ ဇန်နဝါရီ ၃ ရက်န့အထိ မုံရွာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီခွဲက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆုချီးမြင့်ပွဲအခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မုံရွာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ ဆုရအားကစားသမားများ တက်ရောက်ကြပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား(၁၈) ဦးပါဝင်ယှဥ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌက လည်းကောင်း၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၇)သင်းပါဝင်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း အသီးသီး လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment