ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲ‌ပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲ‌ပြောင်းပေးအပ်





ပင်လောင်း၊ ဇန်နဝါရီ ၁၉

‌ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘက်စုံသုံးခန်မ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ရှမ်းပြည်နယ်အတွင်း နှစ်အလိုက် လေပြင်းဘေးဒဏ်ခံစားရမှုစာရင်းများ၊ မိုးသီးကြွေကျမှု ဘေးဒဏ်ခံစားရမှုအခြေအနေများ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်ဆောင်ရွက်ရွက်ခဲ့မှုစာရင်းများ၊ မြို့နယ်မှ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ရန် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ မြေပြင်တွင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးကြဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေ ကျပ်(၁၂,၆၀၀,၀၀၀)အား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က လက်ခံရယူပေးခဲ့‌ကြောင်း၊ ပင်လောင်းမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ကျေးရွာအုပ်စု ခုနှစ်အုပ်စု၊ အိမ်ခြေ ၂၀၀ အိမ်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)