နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် - သာစည် - သဲတော ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက တံတားအဝင်၊ အထွက်နေရာများတွင် ခုန်ဆောင့်လူးမဖြစ်စေရေး Run Off Frame များစနစ်တကျ တပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက် ညှိခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက် ရန်၊ ရေတိုက်စားခံရသည့်နေရာများတွင် တာပေါင်များ သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်း များစနစ်တကျဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်းပြီး Hand Tamp Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက် ပါကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် သဲတော - မန္တလေး ရထားလမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စမုံရထားလမ်းတံတား တံတားအမှတ် ၆၉၁ နေရာတွင် စမုံရထားလမ်း တံတားသစ် (ဒွေးလမ်း)ကို စနစ်တကျဒီဇိုင်းရေးဆွဲအတည်ပြု တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းရုံ (မန္တလေး)၊ မြစ်ငယ်ကွန်ကရစ်ဇလီဖားစက်ရုံနှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့သို့ သွားရောက်စစ်ဆေးပြီး မန္တလေးဘူတာကြီး၌ မြန်မာ့မီးရထား တိုင်းအဆင့် အရာထမ်းများနှင့်တွေ့ဆုံ၍ မိမိ တိုင်းနယ်မြေအတွင်း ရထားမတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဝန်ထမ်းများအား မွမ်းမံသင်တန်းပေးခြင်း၊ Maintenance Manual များအတိုင်း ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ရန်၊ Simi Mechanize စနစ်ဖြင့် ရထားလမ်းများပြုပြင် ထိန်းသိမ်းရန်နှင့် ခရီးသွားပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)