ကျိုက်မရောမြို့နယ်တွင် ငွေကျပ်သိန်း ၁,၀၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်တွင် ငွေကျပ်သိန်း ၁,၀၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ ၁၈၃၀ အချိန် ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာနေ ဒေါ်ခလိန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၀၈၀)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၂၆  တောင့် နှင့် ကျည်အိမ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဒေါ်ခလိန်း(၅၅)နှစ်အား ကျိုက်မရောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)