ကန့်ဘလူမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


ကန့်ဘလူ၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှန်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးဖြိုးမင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးအေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂)မူလွန်ကျောင်း၊ အမှတ်(၄)အ.မ.ကကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် သီဆိုဖျော်ဖြေကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် နေ့ထူးနေ့မြတ်များ၊ အထိမ်း အမှတ်နေ့များ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ လူရည်ချွန်ဆုများ၊ အားကစားပြိုင်ပွဲများတွင် မြို့နယ်အဆင့် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။    

ယင်းနောက် အ.ထ.က(ခွဲ)ညောင်အိုင်၊ အမှတ်(၅)အ.လ.က၊ အ.ထ.က(၁)၊ အမှတ်(၁) အ.လ.က(ခွဲ)နှင့် အ.ထ.က(၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက သီချင်း၊အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း၊ အဆိုပါပညာရေးစုံညီပွဲတော်တွင် ဂုဏ်ပြုဆုပေါင်း ၁၀၇ ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)