နေပြည်တော်၊ ဇန်နဝါရီ ၇
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရမည်းသင်းမြို့နယ်၊ နန်းလုံ - နတ်အင်းကျေးရွာသွားလမ်းတွင် ဇန်နဝါရီလ ၃ ရက်နေ့ ၁၀၃၀ အချိန် ခွန်သိန်းဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဝေထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ဝေထွန်း မှာ ထွက်ပြေးသွားသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၃၇.၈၈၅၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄၀.၉၇၀၄ သိန်း)၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေကျပ် ၇၀,၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခွန်သိန်းဝင်း(၃၆)နှစ်နှင့် ဝေထွန်း တို့အား ရမည်းသင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment