နေပြည်တော်၊ ဇန်နဝါရီ ၇
တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ခြောက်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန် ပစ္စည်းတစ်မျိုး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၃၅၁၆၇၇၂) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးမှုများဆောင်ရွက် ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ သည်။ တရားမဝင် မီးသွေး ၃ ဒသမ ၉၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ငပုတောမြို့နယ်နှင့် ပုသိမ်မြို့နယ် တို့၌ တရားမဝင် အခြားသစ် ၄ ဒသမ ၃၉၅ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၄၅၇၁ ) ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဟင်္သာတ မြို့နယ်၌ လိုင်စင်မဲ့ Honda CBR 150 ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်း ကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ်၅၄၆၄၅၇၁)ကို သိမ်းဆည်း အရေးယူ ဆောင်ရွက်လျက်ရှိဇန်နဝါရီ ၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၌ တရားမဝင် အခြားသစ် ၂ ဒသမ ၀၀၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၂၉၂၀) ကိုလည်း ကောင်း၊ မင်္ဂလာဒုံမြို့နယ် ပဲခူး- ရန်ကုန်လမ်း ထောက်ကြန့် လမ်းဆုံအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် သုည ဒသမ ၆၁၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၃၁၃၆) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Noah ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀) ကိုလည်း ကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂၇၆၀၅၆)ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌လိုင်စင်မဲ့ Canter Truck ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင် နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၈၃ တန်၊ သစ်မာ သုည ဒသမ ၄၅၂ တန်၊ အခြားသစ် သုည ဒသမ ၇၇၀ တန်၊ ဝါးလုံး ၅၀၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၁၆၁၈၂) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၁၆၁၈၂)ကို သိမ်းဆည်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီ ၃ ရက်၊ ၄ ရက်၊ ၅ ရက် နှင့် ၆ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၀၃၆၆၅၈၁)ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းလာသည့် ကုန်စည် များအနေဖြင့် အရည်အသွေး ပြည့်မီမှု မရှိနိုင်ခြင်းကြောင့် ပြည်သူများအတွက်ဘေးအန္တရာယ် ကျရောက်မှုများ ဖြစ်ပေါ်စေနိုင် သည်။ သို့ဖြစ်၍ တရားမဝင် ကုန်စည် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီး စစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment