နေပြည်တော်၊ ဇန်နဝါရီ ၇
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး အောင်ဇေယျသည် ဒေါက်တာ (ဘယ်လင်း) နှင့် အင်းစိန် GTI တို့၌ ယမန်နေ့က ကျင်းပသော EV သင်တန်းဖွင့်ပွဲ အခမ်းအနားများ ကို တက်ရောက်၍ နိုင်ငံတော်ရှိ ယာဉ်များမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချမှုမှသည် ပြည်သူများ အတွက် Sustainable Future ကို တည်ထောင်နိုင်ရန် အတွက် ဦးဆောင်ကော်မတီက EV ကဏ္ဍ ဖွံ့ဖြိုးရေးမူဝါဒများကို ၂၀၅၀ ပြည့် နှစ်အထိ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်က အားထား ရသော အရည်အသွေးပြည့်မီသည့် EV နည်းပညာရှင်များ ဖြစ်စေရေး မဆုတ်မနစ် ကြိုးပမ်းလေ့ကျင့် ကြရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
နံနက်ပိုင်း၌ ဒုတိယဝန်ကြီး သည် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ် TTTC ဘယ်လင်းတွင် ကျင်းပ သည့် EV ပြုပြင်ထိန်းသိမ်းမှု သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်း အနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။ ယင်းသင်တန်း သို့ အစိုးရဌာနဆိုင်ရာများမှ သင်တန်းသား လေးဦး၊ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၅ ဦး စုစုပေါင်း ၁၉ ဦး တက်ရောက်ကြပြီး EV အဆင့်မြင့် သင်ထောက်ကူ ပစ္စည်းများကို Electude Digital Learning Management System နှင့် တွဲဖက်ပြီး သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီ နှုန်း၊ သင်တန်းချိန် နာရီ ၉၀ ဖြစ်သည်။
တက်ရောက် မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီး သည် ရန်ကုန်မြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပ သည့် ကားဝပ်ရှော့များမှ စက်ပြင် ဆရာအတွက် ဖွင့်လှစ်သော EV နည်းပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြား သည်။ အခမ်းအနားသို့ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ဦးစီးဌာနများမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မီးသတ် ဦးစီးဌာနအပါအဝင် ဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး သင်တန်းသို့ အစိုးရဌာန များမှ သင်တန်းသား ၁၆ ဦး၊ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၈ ဦး စုစုပေါင်း သင်တန်းသား ၃၄ ဦးတို့ တက်ရောက်ကြပြီး သင်တန်း ကာလ ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းဖြင့် စုစုပေါင်း သင်တန်းချိန် နာရီ ၃၀ ဖြစ် ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment