ရန်ကုန်တိုင်းဒေသကြီးတွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးတွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီးပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော ၂၀၂၄ -၂ဝ၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ဦးစွာ ကျောင်းအားကစားကွင်းတွင် ပညာရေး စုံညီပွဲတော်အလံကိုင်ပင်မစစ်ကြောင်း ဦးဆောင်ပြီး ခရိုင်အလိုက်စစ်ကြောင်းကြီးများက ကွင်းအတွင်းသို့ ချီတက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား အလေးပြုကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ တာဝန်ရှိသူများနှင့်အတူ စုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြန်မာ့ကျောင်း သီချင်းကို သံပြိုင်သီဆိုကြသည်။

ယင်းနောက် သီရိရတနာခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ သင်တန်း များတက်ရောက်ပြီး အမြင့်ဆုံးဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများ၊ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ၊ ကဏ္ဍမျိုးစုံတွင် ဆုရရှိသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆုများ ဂုဏ်ပြုချီးမြှင့်ပေးအပ် ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများက အဆို၊ အကများဖြင့် တင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီဆိုတင်ဆက် ကပြကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)