တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


ဘားအံ၊ ဇန်နဝါရီ ၆

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများစုပေါင်း၍ စားသောက်ကုန်ပစ္စည်း များပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက်ကို ပဓာနမထားဘဲ တာဝန် များထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆောင်ရွက်ပေးနိုင် သည့် နည်းလမ်းဖြင့် အားပေးကူညီပေးခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံ စားသောက် ဖွယ်ရာများကိုပေးအပ်ပြီး လှူဒါန်းကြသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ စားသောက်ဖွယ်ရာများ ကြော်လှော်ချက်ပြုတ်ပေး ကြသည့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများအား ငွေကျပ် ၁၁ သိန်း ချီးမြှင့်ပေးအပ် သည်။

ယနေ့တွင် ရှေ့တန်းရောက်တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ကြံသကာ အစရှိသော စားသောက်ကုန်ပစ္စည်း ၁၁ မျိုး ပါဝင်သည့် အထုပ်ပေါင်း ၇၅၀၀ ကို ဆဋ္ဌမအကြိမ်အဖြစ် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)